အမြန်လမ်းမှာ ရှေ့ဘီးပေါက်သောယာဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်


နေပြည်တော်၊ ဇွန် ၁၁

၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၂၅/၄-၅)တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဗောဓိကုန်း အမြန်လမ်းမကြီး ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ရန်ကုန်မှ တောင်ငူသို့ တောင်ငူမြို့၊ မင်းကြီးညိုလမ်းနေ လေးဝင်း(၄၂)နှစ် မောင်းနှင်လာသော 3A/××× ကန်တာအဖြူရောင်ယာဉ်မှာ ဝဲဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံးအား ဝင်ရောက်တိုက်မိကာ လမ်းလယ်ကျွန်းကိုကျော်တက်၍ (၃)ပတ်ခန့် လိမ့်ပြီး တစ်ဖက်ယာဉ်ကြောပေါ်သို့ အတည့်ပြန်ကျခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း လေးဝင်း တွင် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ 3A/××××ယာဉ်၏ ရှေ့ခေါင်းပိုင်းပိန်ချိုင့်၊ ရှေ့လေကာမှန်ကွဲ၊ ကိုယ်ထည်ပြုတ်ထွက်၍ တန်ဖိုးငွေကျပ်(၂၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လေးဝင်းအား ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
အမြန်လမ်းမှာ ရှေ့ဘီးပေါက်သောယာဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်  အမြန်လမ်းမှာ ရှေ့ဘီးပေါက်သောယာဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် Reviewed by သစ်ထူးလွင် on 06:24 Rating: 5
Powered by Blogger.