နီပေါ၌ မြေပြိုမှုများကြောင့် ၅၅ ဦးထက်မနည်းသေဆုံး


ခတ္တမန္ဒူ ဇွန် ၁၂

နီပေါနိုင်ငံအရှေ့မြောက်ပိုင်း တာပလီဂျန်းခရိုင်၌ ဗုဒ္ဓဟူးနေ့ ညပိုင်းနှင့် ကြာသပတေးနေ့နံနက်ပိုင်းတို့တွင် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူ ၅၅ ဦးထက် မနည်း သေဆုံးသွားကြောင်း ဒေသမီဒီယာက ဖော်ပြသည်။

အဆိုပါကြီးမားသောမြေပြိုမှုကြောင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ခြောက်ခု အတွင်း ကျေးရွာသား ၅၅ ဦးသေဆုံးပြီး တစ်ဒါဇင်ကျော်ဒဏ်ရာရရှိကာ ကြာသပတေးနေ့နံနက်ထိ လူ ၄ဝ နီးပါး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အင်္ဂလိပ်သတင်းစာ ရီပတ်ဘလီကာက ဖော်ပြသည်။

အစောပိုင်းတွင် တာပလီဂျန်းခရိုင်အခြေစိုက် နီပေါဒုတိယရဲမှူး ဆန်ထီရပ်ကိုင်ယာလာက လူ ၂၁ ဦး၏ ရုပ်အလောင်းများတွေ့ခဲ့ပြီး ၂၇ ဦး ပျောက်ဆုံးနေသည်ဟု ဆိုသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆိုပါ မြေပြိုမှုဖြစ်ပွားရခြင်းဖြစ် ကြောင်း၊ ကျေးရွာခြောက်ရွာအတွင်း နေအိမ်များရေစီးအတွင်းမျောပါသွား ခဲ့ကြောင်း ကယ်ဆယ်ရေးတွင်ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

ကယ်ဆယ်ရေးနှင့်ရှာဖွေရေးဆောင်ရွက်လျက်ရှိပြီး ဒဏ်ရာရသူအများ အပြားမှာစိုးရိမ်ရကြောင်း၊ သေဆုံးသူအရေအတွက်တိုးလာမည်ကို စိုးရိမ် ပူပန်နေကြကြောင်း တာဝန်ရှိသူများက ပြောသည်။

(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နီပေါ၌ မြေပြိုမှုများကြောင့် ၅၅ ဦးထက်မနည်းသေဆုံး  နီပေါ၌ မြေပြိုမှုများကြောင့် ၅၅ ဦးထက်မနည်းသေဆုံး Reviewed by သစ်ထူးလွင် on 07:44 Rating: 5
Powered by Blogger.