ရွှေမှော်ပြောင်းရွှေ့လုပ်သားကား တိမ်းမှောက် လူသေဆုံးမှု ဖြစ်ပွား

 မိုးညှင်းမြို့ မော်ဟန်နှင့် ဆယ်မိုင်ရွာအကြား လွဲခမ်းတောင်အဆင်း ရွှေမှော်ပြောင်းရွှေ့လုပ်သား ကားတိမ်းမှောက်လူသေဆုံးမှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီးဟုမ္မလင်း မြို့ကော်ယားကျေးရွာနေထိုင်သူ များက ဖားကန့်မြို့နယ် တာမခံကျေးရွာရှိ ကွင်းဟဲဒေသတွင် ရွှေ တူးဖော်ရေးလုပ်ငန်းဆောင်ရွက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့ ရွှေလုပ်ကွက်သို့ပြောင်း ရွှေ့စဉ် ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် မော်ဟန်ကျေးရွာနှင့်ဆယ်မိုင် ကျေးရွာ အကြားရှိ လွဲခမ်းတောင်အဆင်း၌ အပြာရောင်တုံဖုန်းကား တစ်စီးတိမ်းမှောက်ခဲ့သဖြင့် လူတစ်ဦးသေဆုံးခဲ့ပြီး ၁၃ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မေ ၃ဝရက် နံနက် ဝဝနာရီ ၁ဝ မိနစ်တွင် မြစ်ကြီးနား-မန္တလေး ပြည်ထောင်စုကားလမ်းမကြီးရှိ မိုင်တိုင်အမှတ် ၁၇၅/၁-၂ ကြား တွင် ကားတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ကားပေါ်မှာ အိပ်ပြီးလိုက် လာကြတာ၊ ကားကအရမ်းမောင် တော့ တောင်အဆင်းနားရောက် တာနဲ့ တရှိန်ထိုးရုတ်တရက်ဘာ ဖြစ်သွားတယ်ဆိုတာ မသိလိုက်တော့ဘူး။ ပိုက်ဆံအိတ်တွေလဲ ဘယ်မှာကျသလဲမသိတော့လို့ ဆေးဖိုးတောင်မရှိတော့ဘူး'' ဟု ကား တိမ်းမှောက်အဖွဲ့မှ မခင်နှင်းဦးက ပြောသည်။

မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသလွဲမွန်ကျေးရွာ နေဇေယျာ ထွန်းက မိုးညှင်းမြို့ဘက်မှ မော် ဟန်ကျေးရွာ ဘက်သို့ မောင်းနှင်လာသော တုန်းဖုံးကားအမှတ် ၉ဂ/ ၈၄၅ဝ ပေါ်တွင် ရွှေလုပ်သား ၁၄ ဦးသည်ကားပေါ်ရှိ မှုန်စုပ်စက်များ၊ ပိုက်များ၊ လေးလုံးထိုးအင်ဂျင်၊ ကင်ဘိုဆိုင်ကယ်နှစ်စီးတို့ တင် ဆောင်ထားသည့်အပေါ်တွင် စီးနင်းလာကြပြီး မော်ဟန်ကျေးရွာနှင့် တစ်မိုင်အကွာလွဲခမ်းတောင်စောင်း အရောက်အရှိန်မထိန်းနိုင်ဘဲလမ်း၏ ယာဘက်ချောက်ထဲထိုးကျခဲ့ကြောင်း မော်ဟန်ရဲကင်းစခန်းအမှုစစ်ဒုရဲအုပ် အောင်ဆန်းထံမှသိရသည်။

ကားတိမ်းမှောက်မှုကြောင့် အင်းတော်ကြီးဒေသ လွန်းမွန်ကျေးရွာနေ (ဘ) ဦးတင်ညို၏သား အသက်(၃ဝ)ရှိ မောင်ငြိမ်းချမ်းစိုး မှာပွဲချင်းပြီးသေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ ကော် ယားကျေးရွာနေ (ဘ)ဦးအိုက်ရှိန်၏ သားအသက်(၂၄)နှစ်ရှိ မောင်မြင့်ကျော်သည် ယာဘက်နဖူးပေါက်ပြဲပြီး ယာဘက်မျက်လုံးပေါက် ထွက်ကာဝဲဘက်ရင်အုံတွင် သုံးလက်မခန့်ပေါက်ပြဲဒဏ်ရာများရရှိပြီး အသက်အန္တရာယ်စိုးရိမ်နေရ ကြောင်း၊ ကားပေါ်စီးနင်းခဲ့သူမှာ ကျား ၁၁ဦး၊ မ သုံးဦးသေဆုံးသူ အပါအဝင် စုစုပေါင်း ၁၄ ဦးရှိပြီး ကော်ယားကျေးရွာနေ အသက် (၂၄)နှစ်ရှိ (ဘ) ဦးသောင်းစိန်၏ သားအောင်ဆန်းဝင်းမှာ ဝဲဘက် ဒူးဆစ်ကျိုးပြီး ကျန်ရှိသူများမှာ ခေါင်းများ၊ ဒူးဆစ်များခြေထောက်များဖူးရောင်၊ ပေါက်ပြဲဒဏ်ရာများ ရရှိကြကြောင်း မိုးညှင်းပြည်သူ့ ဆေးရုံမှသိရသည်။

အခင်းဖြစ်ပွားရာသို့ မော်ဟန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင် မောင်ဦးနှင့် ကျေးရွာအရန်မီးသတ် တပ်ဖွဲ့များက ကူညီဆောင်ရွက်ပေးပြီး မိုးညှင်းပြည်သူ့ဆေးရုံ ကြီးသို့ မိုးညှင်းမြို့ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူးအောင် ဆန်းဦးဦးစီးသော မီးသတ်သမား ၁၆ ဦးတို့က သေဆုံးသူနှင့် လူနာများအား မိုးညှင်းသို့ သယ်ယူပို့ ဆောင်ခဲ့ကြောင်း သိရသည်။

တုံဖုန်းကားအား မဆင်မခြင် မောင်းနှင်သူ (ဘ)ဦးမောင်ညွန့်၏ သား အသက်(၃၇)နှစ်ရှိ မောင်ဇေ ယျာထွန်းအားယာဉ်(ပ)၁၄/၂ဝ၁၅ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၈/၃၃၇ ဖြင့် မိုးညှင်းရဲစခန်းတွင်တရားစွဲ အရေးယူထားကြောင်း မိုးညှင်း မြို့မရဲစခန်းမှ သိရသည်။

သူရမိုးညှင်း
The Union Daily
http://uniondaily.net
ရွှေမှော်ပြောင်းရွှေ့လုပ်သားကား တိမ်းမှောက် လူသေဆုံးမှု ဖြစ်ပွား  ရွှေမှော်ပြောင်းရွှေ့လုပ်သားကား တိမ်းမှောက် လူသေဆုံးမှု ဖြစ်ပွား Reviewed by သစ်ထူးလွင် on 11:39 Rating: 5
Powered by Blogger.