ဆိပ်ဖြူမြို့နယ်မှာ ယာဉ်တိမ်းမှောက်၍ (၆)ဦးသေ၊ (၁၄)ဦးဒဏ်ရာရ

 တရားမဝင်သစ်များ သယ်ဆောင်လာသောယာဉ် ကုန်းအဆင်းတွင် ဂီယာပြုတ်ပြီးတိမ်းမှောက်၍ (၆)ဦးသေ၊ (၁၄)ဦးဒဏ်ရာရ
နေပြည်တော်၊ ဇွန် ၁၇

၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ နံနက် ၂ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆောကားလမ်း မိုင်တိုင်အမှတ်(၃၄/၆-၇)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ကဇွန်းမနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။

 စစ်ဆေးချက်အရ ဆောမြို့မှ ဆိပ်ဖြူမြို့သို့ ဆိပ်ဖြူမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာနေ စိုးလင်း(ခ)ဖိုးဇော်(၃၈)နှစ်မောင်းနှင်ပြီး တရားမဝင် အင်ကြင်း/ပျဉ်းကတိုးသစ်(၈.၃၆)တန် တင်ဆောင် လာသော ၂ခ/×××× Nissan(၁၀)ဘီး အစိမ်းရောင်ယာဉ်သည် မိုင်တိုင်အမှတ်(၃၄/၆-၇)ကြား ကုန်းအဆင်းတွင် ဂီယာပြုတ်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် အနက်(၁၀)ပေခန့်ရှိ ချောက် အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ကဇွန်းမကျေးရွာနေ သစ်ပိုင်ရှင် အောင်တိုးဝင်း(၃၅)နှစ်ပါ ကျား(၆)ဦး တို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း စိုးလင်း(ခ)ဖိုးဇော်၊ တစ်ရွာတည်းနေ ကျော်ရွှေ(၃၈)နှစ်ပါ ကျား(၁၃)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ကဇွန်းမတိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး စိုးလင်း(ခ)ဖိုးဇော်အား ကဇွန်းမနယ်မြေရဲစခန်း ယာဉ်(ပ)၁၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့်လည်းကောင်း၊ စိုးလင်း(ခ)ဖိုးဇော်နှင့် အောင်တိုးဝင်းတို့ ၂ ဦးအား (ပ)၂၃/၂၀၁၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁) ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ဆိပ်ဖြူမြို့နယ်မှာ ယာဉ်တိမ်းမှောက်၍ (၆)ဦးသေ၊ (၁၄)ဦးဒဏ်ရာရ  ဆိပ်ဖြူမြို့နယ်မှာ ယာဉ်တိမ်းမှောက်၍ (၆)ဦးသေ၊ (၁၄)ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 20:18 Rating: 5
Powered by Blogger.