ဂါနာနိုင်ငံတွင် ဓာတ်ဆီဆိုင်မီးလောင် လူ ၉ဝ ကျော်သေဆုံး


အက္ကရာ ဇွန် ၎

ဂါနာနိုင်ငံ မြို့တော်အက္ကရာတွင် ဓာတ်ဆီဆိုင်တစ်ဆိုင်၌ မီးလောင်မှု ဖြစ်ပွားရာ လူ ၉ဝ ကျော် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းများအရ သိရသည်။

အဆိုပါ ဓာတ်ဆီဆိုင် အနီးဝန်းကျင်ရှိ အိမ်တစ်အိမ် မီးလောင်ရာမှ မီးကူးစက်ခဲ့ခြင်း သို့မဟုတ် ကုန်တင်ကားဂိတ်တစ်ခု မီးလောင်ရာမှ ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာများက ပြောသည်။ ဖြစ်စဉ်အမှန်ကို ယခုထိတိုင် မသိရသေးပေ။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဓာတ်ဆီဆိုင်မီးလောင်သည့် အချိန်တွင် ဓာတ်ဆီဆိုင်အတွင်း လူအများအပြား မိုးခိုနေကြသည်။ မြို့ တော်အတွင်း နှစ်ရက်ကြာရွာသွန်းခဲ့သည့်မိုးကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ကာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး လူနေအိမ်အများအပြား ဆုံးရှုံးခဲ့ရသည်။

'မိုးတွေရွာတဲ့အချိန် ဓာတ်ဆီဆိုင်ထဲမှာ လူတွေမိုးခိုနေကြတယ်။ အဲဒီ အချိန်မှာ ဆီဆိုင်မီးလောင်မှုဖြစ်သွားခဲ့တယ်'ဟု ဒေသခံမျက်မြင်တွေ့ရှိသူ တစ်ဦးက ဆိုသည်။

ဂါနာသမ္မတ ဂျွန်မာဟာမာက အခင်းဖြစ်ပွားရာသို့ လာရောက်ကြည့်ရှုပြီး ကယ်ဆယ်ရေးလုပ်သားများကို ချီးမွမ်းစကားဆိုကာ သေဆုံးသွားသူများအတွက် အလွန်ပင်ဝမ်းနည်းကြေကွဲကြောင်း ပြောသည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဂါနာနိုင်ငံတွင် ဓာတ်ဆီဆိုင်မီးလောင် လူ ၉ဝ ကျော်သေဆုံး  ဂါနာနိုင်ငံတွင် ဓာတ်ဆီဆိုင်မီးလောင် လူ ၉ဝ ကျော်သေဆုံး Reviewed by သစ်ထူးလွင် on 09:25 Rating: 5
Powered by Blogger.