အတန်ကြာ မငြိမ်မသက်ဖြစ်နေသည့် မြန်မာနယ်စပ်အနီး တရုတ်တပ်မတော် စစ်ရေးလေ့ကျင့်မှု စတင်ပြုလုပ်


မြန်မာနယ်စပ်တွင် စစ်ရေးလေ့ကျင့်ရန် တရုတ်နိုင်ငံက ဆုံးဖြတ်လိုက်ခြင်း သည် တရုတ်နယ်မြေ၌ အကြမ်းဖက်တိုက်ပွဲများ လွှင့်စင်ဖြစ်ပွား လာမည် ကို နောက်ထပ် သည်းမခံနိုင်တော့ဘူးဆိုသည့် သဘော လက္ခဏာ ဖြစ်သည် တရုတ်သတင်းဌာနများက ဖော်ပြခဲ့သည်။

တရုတ်တပ်မတော် ချန်ဒူးစစ်နယ်မြေက တနင်္လာနေ့က ကြေညာရာ တရုတ်-မြန်မာနယ်စပ်တွင် ဝေဟင်၊ မြေပြင် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ဇွန်လ ၂ ရက်နေ့ တွင် ပြုလုပ်မည်ဟု ဆိုသည်။

ထိုဒေသကို လေကြောင်းဖြတ်သန်းခွင့် မရှိသော ဇုန်အဖြစ် သတ်မှတ် လိုက်ပြီး ထိုဒေသကို ဖြတ်သန်းမည့် ယာဉ်နှင့်လူများသည် အထူး တားမြစ်ဖြတ်သန်းခွင့် ပါရှိရမည်ဖြစ်သည်။

ထို့ ပြင် စစ်တိုက်လေယာဉ် အသစ်များကိုလည်း တရုတ်စစ်တပ်က စမ်းသပ် ပျံသန်းမည်ဖြစ်သည်။ စစ်ရေးလေ့ကျင်မှု ကာလအနေဖြင့် မြန်မာအစိုးရနှင့် ကိုးကန့် သူပုန်တပ်ဖွဲ့ များအကြား တိုက်ပွဲများ ကြာရှည် ဖြစ်နေမှု ဆိုသည်နှင့် တရုတ်ယူနန်ပြည်နယ်အတွင်းသို့ ဗုံးများ ၀င်ရောက်ကျလာမှု အပေါ် မူတည်နေသည်။

မကြာသေးခင်က တိုက်ပွဲများကြောင့် မြန်မာဘက်မှ ဗုံးများ တရုတ်ဘက် သို့ ကျခဲ့ရာ လူသေဆုံးမှုများ ရှိခဲ့သည်။

တရုတ်သမ္မတ ဇီကျန်ပင်းက “ဒီစစ်ရေးလေ့ကျင့်မှုအမိန့် ကို သူကိုယ်တိုင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ တရုတ်နယ်စပ်မှာ မြန်မာဘက်က တိုက်ပွဲတွေ ကျူးကျော် မဖြစ်ရန် မြန်မာ၏က လုပ်ဆောင်မှု ပျက်ကွက်တာကို တုံ့ ပြန်သည့်အနေနဲ့” ဟု ဆိုသည်။

မေလ ၃၀ ရက်တွင် တရုတ်စစ်တပ်နှင့် ရဲတပ်ဖွဲ့ မရှိခိုက် မြန်မာစစ်တပ်က တပ်သား ၂၀၀ နီးပါး တရုတ်ဘက်သို့ ကျွံဝင်လာခဲ့အပြီးမှာ သမ္မတဇီကျန်ပင်း က ထိုကဲ့ သို့ ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

တရုတ်စစ်တပ်က လေယာဉ်ပစ်ဒုံးကျည်တပ်ဖွဲ့ များကို ထိုဒေသတွင် တပ်စွဲ ထားပြီး မြန်မာဘက်က လေယာဉ်များ နယ်စပ်ကျော်လာပါက ပစ်မိန့် ပေး ထားပြီးဖြစ်သည်။ ထို့ အတူ ကြည်းတပ်များကလည်း တောင်ကုန်း ထူထပ်သော ဒေသတိုက်ပွဲများအတွက် လေ့ကျင်ပေးပြီး ဖြစ်သည်။ ယူနန် နယ်စပ် လုံခြုံရေးအတွက် ၄င်းတို့ အနေဖြင့် မကျေမနပ်ဖြစ်ရပြီး ရဲများ အနေဖြင့် ဒေသလုံခြုံရေးကို တာဝန်ယူထားသည်ဟု တရုတ် အစိုးရ က ပြောသည်။

သို့ သော်လည်း တရုတ်အစိုးရနှင့် တိုင်းရင်းသား သူပုန်တပ်များ အကြား ငွေကြေးနှင့် တခြားထောက်ပံ့မှုများ ရှိသည်ဆိုသော စွပ်စွဲချက် များလည်း ပေါပေါက်နေသည်။ အခြေအနေများ တည်ငြိမ်သွားပါက ယူနန် လုံခြုံရေး ရဲတပ်ဖွဲ့ အတွင်း အဓိက လူပြောင်းလူလွဲများ လုပ်ရန်လည်း ရှိကြောင်း သတင်းများအရ သိရသည်။

လင်းလင်း

The Ladies News Journal
https://www.facebook.com/News.TheLadies







အတန်ကြာ မငြိမ်မသက်ဖြစ်နေသည့် မြန်မာနယ်စပ်အနီး တရုတ်တပ်မတော် စစ်ရေးလေ့ကျင့်မှု စတင်ပြုလုပ်  အတန်ကြာ မငြိမ်မသက်ဖြစ်နေသည့် မြန်မာနယ်စပ်အနီး တရုတ်တပ်မတော် စစ်ရေးလေ့ကျင့်မှု စတင်ပြုလုပ် Reviewed by သစ်ထူးလွင် on 21:22 Rating: 5
Powered by Blogger.