လှေစီးပြေး ရွှေ့ပြောင်းသူအရေး လွှတ်တော်မှာ ဆွေးနွေးဖို့ သဘောတူ


 ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အမျိုးသား လွှတ်တော်အမတ် ဦးလှဆွေ တင်သွင်းတဲ့ လှေစီးပြေး ရွှေ့ပြောင်းသူတွေနဲ့ ပတ်သက်လို့ ပြတ်သားတဲ့ မူဝါဒတရပ် ချမှတ်သွားဖို့ အစိုးရကို တိုက်တွန်းတဲ့ အရေးကြီးအဆိုကို အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။

လှေစီးပြေးဒုက္ခသည်တွေအရေး ဖြေရှင်းသင့်တဲ့ နည်းလမ်း ၃ ခုကိုကိုလည်း သူက အကြံပြုတင်ပြသွားပါတယ်။

သူရဲ့ တင်ပြချက်ထဲမှာတော့ ဖမ်းဆီးရရှိတဲ့သူတွေကို ထိန်းသိမ်းထားမယ့် ကာလအတိအကျ သတ်မှတ်ပေးဖို့၊ ဖမ်းမိတဲ့ လှေစီးဒုက္ခသည်တွေကို နိုင်ငံတကာ ရေပိုင်နက်ထဲ စားနပ်ရိက္ခာပေးပြီးတော့ ပြန်လွှတ်ဖို့နဲ့ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတွေ ဖြေရှင်းသလို ဖြေရှင်းဖို့ ပါဝင်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဦးလှဆွေ တင်ပြတာကတော့ ကမ္ဘာ့ရှေ့ဆောင် ဒီမိုကရေစီ နိုင်ငံကြီးတွေ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုတို့၊ အိန္ဒိယနိုင်ငံတို့မှာ ကျင့်သုံးသကဲ့သို့ ခိုးဝင်လာသူတွေကို စစ်ဆေး မေးမြန်းမရှိ၊ ပစ်ခတ်ရှင်းလင်းတဲ့နည်းကို သုံးပြီး ပြတ်ပြတ်သားသား ဆောင်ရွက်သွားပါက နောင်ကျဉ်ပြီးတော့ ခိုးဝင်လာသူအရေး စိတ်အေးရမှာ ဖြစ်ပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
လှေစီးပြေး ရွှေ့ပြောင်းသူအရေး လွှတ်တော်မှာ ဆွေးနွေးဖို့ သဘောတူ  လှေစီးပြေး ရွှေ့ပြောင်းသူအရေး လွှတ်တော်မှာ ဆွေးနွေးဖို့ သဘောတူ Reviewed by သစ်ထူးလွင် on 10:10 Rating: 5
Powered by Blogger.