ယင်းမာပင် မြို့နယ်မှာ ယာဉ်တိမ်းမှောက်ဖြစ်ပွား (၁၁)ဦးဒဏ်ရာရ


 နောက်ဘီးပေါက်သောယာဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျ တိမ်းမှောက်၍ (၁၁)ဦးဒဏ်ရာရ

နေပြည်တော်၊ ဇွန် ၂၁

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ ညနေ ၄ နာရီအချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင် မြို့နယ်၊ တမာပင်ဂွရွာနှင့် ပုပ္ပားရွာကြား၊ လည်ငေါက်-ချင်ပြစ်ကားလမ်းမပေါ်၊ ဆည်မြောင်းလက်တံ(၅) အနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ယင်းမာပင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ အဆိုပါလမ်းအတိုင်း မုံရွာဘက်မှ ပုလဲမြို့သို့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်နေ စန်းကျော်(ခ)ဆန်းကျော်(၃၅)နှစ်မောင်းနှင်လာသော 8I/×××× PICKUP(42)R TRUCK ယာဉ်မှာ ဝဲဘက်နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ယာဉ်မောင်း စန်းကျော်(ခ)ဆန်းကျော်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာနေ အောင်ဝင်းစိုး(၂၀)နှစ်ပါ (၁၁)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် စန်းကျော်(ခ)ဆန်းကျော်အား ယင်းမာပင်မြို့မရဲစခန်း ယာဉ်(ပ)၁၉/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ယင်းမာပင် မြို့နယ်မှာ ယာဉ်တိမ်းမှောက်ဖြစ်ပွား (၁၁)ဦးဒဏ်ရာရ  ယင်းမာပင် မြို့နယ်မှာ ယာဉ်တိမ်းမှောက်ဖြစ်ပွား (၁၁)ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 17:28 Rating: 5
Powered by Blogger.