တွံတေး လူသတ်မှု ပြစ်မှုကျူးလွန်သူအား ဖမ်းမိ

တွံတေးမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား အချိန်တိုအတွင်း ဖမ်းဆီးအရေးယူ
ရန်ကုန်၊ ဇွန် ၂၉

၂၈.၆.၂၀၁၅ ရက်နေ့ ၁၉၃၀ အချိန်တွင် တွံတေးမြို့နယ်၊ တာဝေကျေးရွာနေ ကိုအောင်ဖြိုးဝေမှ ၎င်းသည် ဖခင်ဖြစ်သူ ဦးသန်းမြင့်၊ (၅၂)နှစ်နှင့်အတူ ပိတ်စွယ်ကျေးရွာသို့ ၎င်း၏သုံးဘီးဆိုင်ကယ်ဖြင့် ၀ါးပို့ရန်သွားရောက်ခဲ့ရာ ဖခင်ဖြစ်သူမှာ ပိတ်စွယ်ကျေးရွာ အရောက် ညီဖြစ်သူ ဦးသန်းဆင့်၏ နေအိမ်သို့ သွားရောက်ခဲ့ကြောင်း၊ ၎င်းမှ ၀ါးများပို့ဆောင်ပြီးအပြန် လမ်းမတွင်ဆိုင်ကယ် အားရပ်၍ ဖခင်ဖြစ်သူအား ခေါ်ရာ ဖခင်ဖြစ်သူမှဆိုင်ကယ်ရှိရာသို့လာရောက် စဉ် ဆိုင်ကယ်ရပ်ထားသည့်နေရာအနီးရှိ နေအိမ်မှ ဖိုးဆောင်း(ခ)စံသိန်း၊ (၄၂)နှစ်မှာ အရက်မူးယစ်၍ဆဲဆိုပြီး ဖခင်ဖြစ်သူအား ဓါးဖြင့်ထိုး၍ ထွက်ပြေး သွားခဲ့ကြောင်း၊ ဖခင်ဖြစ်သူ ဦးသန်းမြင့်တွင် ယာရင်အုံ၊ ၀ဲတင်ပါးတို့၌ ထိုးသွင်းဒဏ်ရာ(၁)ချက်စီနှင့် နဖူးဝဲဘက်တွင် ပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိ ခဲ့၍ တွံတေးဆေးရုံသို့ပို့အပ်ကုသစဉ် ယင်းနေ့ ၂၁၃၀ အချိန်တွင် ရရှိသော ဒဏ်ရာဖြင့်သေဆုံးသွားခဲ့ကြောင်းနှင့် ယင်းသို့ကျူးလွန်သူ ဖိုးဆောင်း(ခ) စံသိန်း အားအရေးယူပေးရန် တိုင်တန်းခဲ့သဖြင့် တွံတေးမြို့မရဲစခန်း (ပ)၂၆၈/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေးဆောင်ရွက် ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူ ဖိုးဆောင်း(ခ)စံသိန်းအား ဖမ်းဆီးရမိရေးအတွက် တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှတပ်ဖွဲ့ဝင်များနှင့် တွံတေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ နယ်မြေအတွင်း ပိတ်ဆို့ရှာဖွေခြင်းများ ဆောင်ရွက်နေစဉ် ၂၉.၆.၂၀၁၅ ရက်နေ့ ၀၆၂၅ အချိန်ခန့်တွင် ပိတ်စွယ်ကျေးရွာ အုပ်ချုပ်ရေးမှူး
နှင့်အဖွဲ့မှ ဖိုးဆောင်(ခ)စံသိန်းအား ဆက်သွယ်ခေါ်ဆောင်ကာ ရဲစခန်းသို့ အပ်နှံပေးသဖြင့် အမှုဖြင့်ဖမ်းဆီးခဲ့ပြီး ၎င်းပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသော အရိုးအသွား(၈)လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်းအား သိမ်းဆည်းကာ ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
တွံတေး လူသတ်မှု ပြစ်မှုကျူးလွန်သူအား ဖမ်းမိ တွံတေး လူသတ်မှု ပြစ်မှုကျူးလွန်သူအား ဖမ်းမိ Reviewed by သစ်ထူးလွင် on 19:14 Rating: 5
Powered by Blogger.