ဇနီးနဲ့ ကလေးတွေ ပြန်လာဖို့ ခင်ပွန်းတွေ ပန်ကြား

ဇနီးသည်နဲ့ သား၊ သမီးတွေကို ပြန်လာဖို့ ပန်ကြားနေတဲ့ ခင်ပွန်းသည်နှစ်ဦး (Credit: Reuters)
 ဗြိတိန်နိုင်ငံက ​ညီအစ်မ ​သုံးယောက်ရဲ့ ​ခင်ပွန်းသည်တွေက ​ပျောက်ဆုံးနေတဲ့ ​သူတို့ရဲ့ ​ဇနီးသည်နဲ့ ​ကလေး ​၉ ​ယောက်ကို ​အမြန်ဆုံး ​ပြန်လာဖို့ ​ငိုယိုပြီး ​ပန်ကြားလိုက်ပါတယ်။

Khadija ​Dawood, ​Sugra ​Dawood ​နဲ့ ​Zohra ​Dawood ​တို့ ​ညီအစ်မ ​သုံးယောက်နဲ့ ​သူတို့ရဲ့ ​ကလေး ​၉ ​ယောက် ​ပျောက်ဆုံးနေတာ ​ဖြစ်ပါတယ်။

ဆော်ဒီအာရေးဗီးယားနိုင်ငံ ​မက်ကာမြို့မှာ ​ဘုရားဖူးထွက်ရင်း ​ပြန်မရောက်လာတာ ​ဖြစ်ပါတယ်။

ပြန်လာရမယ့် ​အချိန်မှာ ​ပြန်မလာတဲ့အတွက် ​ခင်ပွန်းသည်တွေက ​စိတ်ပူနေတုန်းမှာပဲ ​အဲဒီ ​အမျိုးသမီးတွေနဲ့ ​ကလေးတွေက ​တူရကီနိုင်ငံ ​အစ္စတန်ဘူလ် ​မြို့ကို ​ရောက်ရှိသွားပြီလို့ ​သိကြရပါတယ်။

အစ္စတန်ဘူလ်ကနေ ​ဆီးရီးယားနိုင်ငံက ​IS ​အဖွဲ့နဲ့ ​သွားရောက်ပူးပေါင်းကြမှာကို ​ခင်ပွန်းသည်တွေက ​စိုးရိမ်နေကြတာပါ။

ခင်ပွန်းသည် ​တစ်ယောက်ကတော့ ​သူ့ဇနီးကို ​ချစ်တဲ့အကြောင်း၊ ​သတိယနေတဲ့အကြောင်း၊ ​အနည်းဆုံးတော့ ​ဘယ်နေရာမှာ ​ရှိနေသလဲဆိုတာကို ​ဖုန်းအဆက်အသွယ်လုပ်ဖို့ ​ပြောလိုက်သလို ​အသက်ဘေးမှ ​ကင်းရဲ့လားဆိုပြီးတော့လည်း ​မီဒီယာတွေနဲ့ ​တွေ့ဆုံမှုအတွင်း ​ဇနီးသည်ကို ​ပန်ကြားလိုက်ပါတယ်။

ဗြိတိန်နိုင်ငံသားတွေ ​အခုလို ​တူရကီကနေ ​ဆီးရီးယားကို ​သွားပြီး ​စစ်သွေးကြွအဖွဲ့တွေနဲ့ ​ပူးပေါင်းခဲ့သူတွေ ​ရာနဲ့ချီ ​ရှိပြီ ​ဖြစ်ပါတယ်။

ဒီအမျိုးသမီးတွေနဲ့ ​ကလေးတွေ ​ဘယ်နား ​ရောက်နေသလဲလို့ ​စုံစမ်းရာမှာ ​တူရကီအာဏာပိုင်အနေနဲ့ ​ဗြိတိန်နိုင်ငံနဲ့ ​ပူးပေါင်းဖို့လည်း ​ရှေ့နေဖြစ်သူက ​ပန်ကြားလိုက်ပါတယ်။

အမျိုးသမီး ​၃ ​ယောက်ရဲ့ ​အစ်ကို ​ဖြစ်သူက ​ဆီးရီးယားနိုင်ငံမှာ ​ရှိနေတယ်လို့ ​သိရပြီး ​ညီမနဲ့ ​တူ၊ ​တူမတွေကို ​ခေါ်တာလားဆိုပြီးတော့လည်း ​ပြောဆိုနေကြပါတယ်။

အကြမ်းဖက်မှုတွေ၊ ​စစ်တွေ ​ဖြစ်နေတဲ့ ​ဆီးရီးယားနိုင်ငံဟာ ​ကလေးတွေ ​နေထိုင်လို့ ​မသင့်တဲ့ ​နေရာဖြစ်တယ်လို့လည်း ​ပြောဆိုနေကြပါတယ်။

By Europe correspondent Philip Williams, wires
ABC Radio Australia
http://www.radioaustralia.net.au/burmese
ဇနီးနဲ့ ကလေးတွေ ပြန်လာဖို့ ခင်ပွန်းတွေ ပန်ကြား  ဇနီးနဲ့ ကလေးတွေ ပြန်လာဖို့ ခင်ပွန်းတွေ ပန်ကြား Reviewed by သစ်ထူးလွင် on 17:50 Rating: 5
Powered by Blogger.