အချိန်မတော် မြစ်ရိုးတစ်လျှောက် ဓားကိုင်လူတစ်စုမှ ၀င်ရောက်ခိုးယူမှု စဥ့်ကိုင်၌ ဖြစ်ပွား


စဥ့်ကိုင် ဇွန် ၁၈

စဥ့်ကိုင်မြို့နယ် မြောက်ကိုင်း ကျေးရွာ၌ ဇွန် ၁၆ရက် ည ၁၂ နာရီဝန်းကျင်က ဓားရှည်ကိုင်ဆောင် ထားသည့် လူတစ်စုက စက်လှေ ဖြင့် လာရောက်ကာ နေအိမ်တွင်း ကျူးကျော်ခိုးယူမှု ဖြစ်ပွားခဲ့သဖြင့် စဥ့်ကိုင်မြို့နယ် ပုလိပ်မြို့မနယ်မြေ ရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဇွန် ၁၆ ရက် ည ၁၂ နာရီက စဥ့်ကိုင်မြို့နယ် မြောက်ကိုင်းကျေးရွာ အရှေ့ဖျားရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဦးစီးဌာန၊ မြစ်ရေတင် စခန်းမှ ဦးမောင်နိုင်နှင့် သားဖြစ်သူ မောင်အောင်အောင်သည် အိပ်ပျော် နေ စဉ် အိမ်အတွင်းသို့ လူခြောက်ဦး ခန့်က ဓားရှည်များကိုကိုင်ဆောင် ဝင်ရောက်လာသည်ကို အတူအိပ်နေ သည့် သားဖြစ်သူ မောင်အောင်အောင် ပြောကြားသဖြင့် သိရှိရကြောင်း၊ ဓား များ ကိုင်ဆောင်ထားသဖြင့် သား ဖြစ်သူက ဖခင်ကိုမနှိုးဘဲ လက်နက် ကိုင်ဆောင်သူများ ပြန်ထွက်သွားမှ နှိုး၍ ကြည့်ရှုရာ ငွေကျပ် ၃၈ဝဝဝဝ ကျော်နှင့် ရေအရင်းအမြစ်စခန်း အသုံးပြုနေသည့် ကင်မရာ၊ ဖုန်း လေးလုံးနှင့် အခြားပစ္စည်းအချို့ ယူ ဆောင်သွားကြောင်း တွေ့ရှိရသည်။

ဓားကိုင်ဆောင်ထားသူများသည် မြစ်အတွင်း အသင့်ရှိသည့် စက်လှေ ဖြင့် မောင်းနှင်ထွက်ခွာသွားသည်ကို သိရှိရပြီး ယင်းနေ့ည ၁ နာရီကလည်း မြောက်ကိုင်းကျေးရွာ အနောက် ဖျားရှိ ဒေါ်မြမြ၏ ကုန်စုံဆိုင်မှ ကုန် ပစ္စည်းတန်ဖိုး ငွေကျပ်တစ်သိန်းကျော် ဖိုးအား ယူဆောင်သွားခဲ့သေးကြောင်း သိရသည်။

''ကျွန်တော်တို့ ရွာသားတစ်ဦးက ဒေါ်မြမြအိမ်ကနေ ဆင်းလာတာကို မြင်ရလို့ အော်ဟစ်ခဲ့တဲ့အခါ စက် လှေပေါ်တက်ပြီး မောင်းထွက်သွား တယ်။ အခုလိုဖြစ်တာ နှစ်ကြိမ်ရှိ ပါပြီ။ မတ်လတုန်းကလည်း လူအုပ်စု ဖွဲ့ပြီး စက်လှေနဲ့လာဖူးတယ်။ ဆန်အိတ်ရှစ်ပိုင်း ပါသွားခဲ့တယ်။ စက်လှေမှာ လူဘယ်နှစ်ဦးပါလဲ မသိ ဘူး။ ဓားရှည်တွေကိုင်ထားတဲ့အတွက် ဒေသခံတွေ ထိတ်လန့်နေလို့ လုံခြုံ ရေးဆောင်ရွက်နေတယ်''ဟု စဥ့်ကိုင် မြို့နယ် မြောက်ကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မင်းက ပြောသည်။

မောင်မောင်စိုး(မြစ်ငယ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အချိန်မတော် မြစ်ရိုးတစ်လျှောက် ဓားကိုင်လူတစ်စုမှ ၀င်ရောက်ခိုးယူမှု စဥ့်ကိုင်၌ ဖြစ်ပွား  အချိန်မတော် မြစ်ရိုးတစ်လျှောက် ဓားကိုင်လူတစ်စုမှ ၀င်ရောက်ခိုးယူမှု စဥ့်ကိုင်၌ ဖြစ်ပွား Reviewed by သစ်ထူးလွင် on 09:05 Rating: 5
Powered by Blogger.