အငှားယာဉ်ဖြင့် တရွတ်ဆွဲပါ သွားသော ယာဉ်တိုက်မှု တရားခံ ဖမ်းမမိသေး


 စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းမပေါ်၌ အငှားယာဉ်တစ်စီးက အမျိုးသားတစ်ဦးကို တိုက်မိပြီး၊ တရွတ်ဆွဲပါ သွားသော ယာဉ်တိုက်မှုမှ တရားခံ အား ဖမ်းဆီးမိခြင်း မရှိသေးကြောင်း ရန်ကုန် တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ ယာဉ်မှုစစ် ဒုရဲမှူး ၀င်းမြင့်ဦးက The Messenger Media သို့ ပြောသည်။

 ဇွန်လ(၂) ရက်နေ့ နံနက်ပိုင်း လေး နာရီခန့်က စမ်းချောင်းမြို့နယ်ရှိ အာရှတော် ၀င် အထူးကု ဆေးရုံ အကျော်တွင် အငှားယာဉ် (စုံစမ်းဆဲ) တစ်စီး မှ လမ်းဖြတ်ကူးနေသော အမျိုးသား တစ်ဦးအား တိုက်မိခဲ့သည်။

၎င်းကားနှင့် တိုက်မိသော အမျိုးသား(စုံစမ်းဆဲ) မှာ ကားနှင့် လမ်းတစ်လျှောက် ချိတ်ပါ သွား၍ ဗဟိုလမ်းမပေါ်တွင် ပစ်ချထားခဲ့ကာ ယာဉ်တိုက်ခံရသူမှာ သေဆုံးသွားကြောင်း သိရသည်။

 အဆိုပါ အမျိုးသား လဲကျ သေဆုံး နေခြင်းကို မနက်ခင်း အာရုံဆွမ်းခံကြွ လာသော သံဃာတော်များက တွေ့ရှိ၍ ရဲ တပ်ဖွဲ့သို့ ဖုန်းဆက် အကြောင်းကြားခဲ့ ရကြောင်း၊ အဆိုပါ သေဆုံးသူကို ပစ်ချထား သော နေရာအနီးရှိ ဆိုင်တစ်ဆိုင်၏ CCTV ကင်မရာမှ တစ်ဆင့် ယာဉ်တိုက်မှု ကျူးလွန်သည့် ကားကို ရှာဖွေရာ Taxi ကား ဖြစ်နေသည်ကို တွေ့ရှိ ရကြောင်း အလောင်းပစ် ထားရာနေ ရာအနီးတွင် နေထိုင်သူ တစ်ဦးက ပြောသည်။

 အခုထိတော့ တိုက်သွားတဲ့ အငှားယာဉ်ကိုရော၊ အတိုက်ခံရတဲ့ သူကိုရော မသိရသေးဘူး။ စုံစမ်းဆဲပဲ ဟု ဒုရဲမှူးဝင်းမြင့်ဦးက ပြောသည်။ အမှုနှင့် ပတ်သက်၍ ဒဂုံမြို့မရဲစခန်း တွင် ယာဉ်(ပ)၂၀/၂၀၁၅၊ ပုဒ်မ-၃၀၄ (က)/ ၂၀၁၂ ဖြင့် အမှုဖွင့်၍ စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။

အုတ်ကျော်ဟိန်း
The Messenger Media
http://messengernewsjournal.com
အငှားယာဉ်ဖြင့် တရွတ်ဆွဲပါ သွားသော ယာဉ်တိုက်မှု တရားခံ ဖမ်းမမိသေး  အငှားယာဉ်ဖြင့် တရွတ်ဆွဲပါ သွားသော ယာဉ်တိုက်မှု တရားခံ ဖမ်းမမိသေး Reviewed by သစ်ထူးလွင် on 18:18 Rating: 5
Powered by Blogger.