ရေနုတ်မြောင်းကို ဖြတ်ကူးသည့် ကလေးငယ်(၃)ဦး ရေနစ်သေဆုံး


နေပြည်တော်၊ ဇွန် ၁၄

၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ရေနစ်သေဆုံးသူ ကလေးငယ်(၃)ဦးရောက်ရှိနေကြောင်း သတင်း အရ သန်လျင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူ များမှာ သန်လျင်မြို့နယ်၊ အလွမ်းဆွတ်ကျေးရွာနေ မယဉ်ယဉ်မိုး(၁၀)နှစ်၊ မမိုးမိုးအေး(၈)နှစ်နှင့် မောင်နန်းလွင်မိုး(၅)နှစ်တို့ မောင်နှမ(၃)ဦးဖြစ်ကြောင်း သိရှိရသည်။

 စစ်ဆေးချက်အရ အဆိုပါကလေးငယ် (၃)ဦးသည် ယင်းနေ့ နံနက် ၈ နာရီခွဲအချိန် အလွမ်းဆွတ်ကျေးရွာအစွန်ရှိ နေအိမ်မှ ရွာအတွင်းရှိ မုန့်ဆိုင်သို့ မုန့်သွားဝယ်စဉ် လမ်းရှိ အသစ်ဖောက်လုပ်ထားသော အကျယ်(၅)ပေ၊ အနက်(၄)ပေခန့်ရှိ ရေနုတ်မြောင်းအားဖြတ်ကူးရာက ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ သန်လျင်မြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၂၉/၂၀၁၅)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ရေနုတ်မြောင်းကို ဖြတ်ကူးသည့် ကလေးငယ်(၃)ဦး ရေနစ်သေဆုံး  ရေနုတ်မြောင်းကို ဖြတ်ကူးသည့် ကလေးငယ်(၃)ဦး ရေနစ်သေဆုံး Reviewed by သစ်ထူးလွင် on 22:18 Rating: 5
Powered by Blogger.