တောင်ကိုရီးယား၌ မားစ်ဖြစ်ပွားသူ ၈၇ ဦးအထိရှိလာ


ဆိုးလ် ဇွန် ၈

တောင်ကိုရီးယားနိုင်ငံတွင် အရှေ့ အလယ်ပိုင်း အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ(မားစ်) ဖြစ်ပွားမှုမှာ အသစ်ဖြစ်ပွားသူ ၂၃ ဦးနှင့်အတူ တနင်္လာနေ့အထိ ၈၇ ဦးရှိလာ ကြောင်း တောင်ကိုရီးယား ကျန်းမာ ရေးဝန်ကြီးဌာနက ပြောကြားသည်။

တောင်ကိုရီးယား နိုင်ငံသည် ၂ဝ၁၂ ခုနှစ်က ပထမဆုံးအတည်ပြု နိုင်ခဲ့သည့် မားစ်ရောဂါဖြစ်ပွားမှုတွင် လူပေါင်း ၁ဝဝဝ ကျော် ဖြစ်ပွားခဲ့ သည့် ဆော်ဒီအာရေဗျနိုင်ငံပြီးလျှင် အများဆုံးဖြစ်လာသည်။ တောင်ကို ရီးယားနိုင်ငံသည် ရောဂါကူးစက် ခံရသူ ၇၆ ဦးရှိသည့် ယူအေအီးနိုင်ငံ ထက်ပင်များပြားလာသည်ဟု သိရ သည်။ အသစ်ဖြစ်ပွားသူ ၂၃ ဦး အနက် ၁၇ဦးမှာမေ၂၇ရက်က ဆိုးလ် မြို့ ဆမ်ဆောင်းဆေးရုံတွင် တက် ရောက်ကုသနေသော ၁၄ဦးမြောက် လူနာနှင့် ထိတွေ့ရာမှ ၁၇ဦး ကူးစက် ခံရကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ပြောကြားသည်။

အဆိုပါ ၁၄ ဦးမြောက် လူနာ သည် မေ ၁၅ ရက်က ဖြုန်းတိတ်လမ်း မာရီဆေးရုံ၌ သုံးရက်ကြာ ဆေးရုံ တင်ထားသည့်လူနာထံမှ ကူးစက် သည်ဟု ယူဆရပြီး ဆိုးလ်မြို့ တောင်ဘက် ကီလိုမီတာ ၆ဝအကွာ ဖြုန်းတိတ် ဆေးရုံမှ ဆိုးလ်မြို့သို့ ဘတ်စ်ကားဖြင့် ဆမ်ဆောင်းဆေးရုံ သို့ ရောက်ရှိလာခဲ့ကြောင်း တာဝန် ရှိသူက ပြောသည်။

ဆမ်ဆောင်း ဆေးရုံ၌ ရောဂါကူးစက်ခံရသူ ၃၄ ဦးရှိပြီး ဖြုန်းတိတ်ဆေးရုံ၌ ၃၇ ဦးရှိသည်။ နောက်ထပ် မားစ်ရောဂါ ကူးစက်ခံရသူခြောက်ဦးမှာ တောင်ကို ရီးယားအလယ်ပိုင်း ဒေးဂျွန်မြို့ဆေး ရုံနှစ်ရုံ၏ ၁၆ ဦး မြောက်လူနာမှ ကူးစက်ခြင်းဖြစ်ကြောင်း သိရသည်။

(ဆင်ဟွာ)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောင်ကိုရီးယား၌ မားစ်ဖြစ်ပွားသူ ၈၇ ဦးအထိရှိလာ  တောင်ကိုရီးယား၌ မားစ်ဖြစ်ပွားသူ ၈၇ ဦးအထိရှိလာ Reviewed by သစ်ထူးလွင် on 08:27 Rating: 5
Powered by Blogger.