မြစ်ကြီးနား စည်ပင်သာယာ နယ်နိမိတ်အတွင်း နှာခေါင်းစည်း၊ ဖုန်ကာမျက်နှာဖုံး(Mask)တပ်ဆင်၍ ဆိုင်ကယ်စီးနင်းခြင်း သွားလာခြင်းမပြုလုပ်ရန် ဒေသန္တရ အမိန့်ထုတ်ပြန်ကြေညာ


ကချင်ပြည်နယ် မြစ်ကြီးနား မြို့စည်ပင်သာယာနယ်နိမိတ်အတွင်း ဒုစရိုက်မှု ကျူးလွန်သူများသည် မျက်နှာတွင် နှာခေါင်းစည်း၊ဖုန်ကာ မျက်နှာဖုံး(Mask)များတပ်ဆင်ပြီး ရုပ်ဖျက်၍ ရာဇဝတ်မှုများကျူးလွန် လျက်ရှိသည်ကိုတွေ့ရှိရသောကြောင့် နှာခေါင်းစည်း၊ ဖုန်ကာမျက်နှာဖုံး (Mask)တပ်ဆင်၍ ဆိုင်ကယ် စည်းနင်းခြင်း၊ သွားလာခြင်းမပြု လုပ်ရန် ယခုလ ၄ ရက်တွင် မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင် မောင်က ဒေသန္တရအမိန့်ကို လက် မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။

ထိုသို့ထုတ်ပြန်ခြင်းသည်တရား ဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းများ တွင် အနှောင့်အယှက်ဖြစ်စေနိုင် သော မလိုလားအပ်သည့်ဖြစ်စဉ် များမဖြစ်ပွားစေရေးနှင့် ပြစ်မှုများ ကြိုတင်ကာကွယ်ရေးအရလည်း ကောင်း၊ အများပြည်သူတို့၏ လူ့ အသက်၊ ကျန်းမာမှု(သို့မဟုတ်) လုံခြုံမှုကို ထိခိုက်အန္တရာယ်မဖြစ် စေရန်အတွက်လည်းကောင်း၊ မြို့ နယ်၏ငြိမ်ဝပ်ရေးကို နှောင့်ယှက် သည့်အရာကိုဖြစ်စေ၊ ရုန်းရင်းဆန် ခတ်မှုကိုဖြစ်စေ၊ သတ်ပုတ်နှောင့် ယှက်မှုများကိုဖြစ်စေ မဖြစ်ပွားစေ ရန်အတွက်လည်းကောင်း၊ ယခုလ ၁၁ ရက်မှစ၍ နှာခေါင်းစည်း၊ ဖုန်ကာမျက်နှာဖုံး (Mask)တပ် ဆင်၍ ဆိုင်ကယ်စီးနင်းခြင်း၊ သွား လာခြင်းမပြုလုပ်ရန် ကန့်သတ် ကြေညာကြောင်း ယင်းအမိန့်ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

အမိန့်ကိုဖောက်ဖျက်ကျူးလွန် သူသည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၈ အရ အရေးယူခြင်းခံရမည် ဖြစ်ပြီး အမိန့်စတင်ထုတ်ပြန်လိုက် သည့်ရက်မှစ၍ ဇူလိုင် ၁၁ရက် အထိ အတည်ဖြစ်သည်။ ''ကျွန် တော်တို့တော့ မသိသေးပါဘူး။ အခုလောလောဆယ်တော့ ဒီလိုပဲ သွားလာနေကြတာပါပဲ''ဟုဒေသ ခံတစ်ဦးကပြောသည်။

နေထက်ဝေ
The Union Daily
http://uniondaily.net
မြစ်ကြီးနား စည်ပင်သာယာ နယ်နိမိတ်အတွင်း နှာခေါင်းစည်း၊ ဖုန်ကာမျက်နှာဖုံး(Mask)တပ်ဆင်၍ ဆိုင်ကယ်စီးနင်းခြင်း သွားလာခြင်းမပြုလုပ်ရန် ဒေသန္တရ အမိန့်ထုတ်ပြန်ကြေညာ  မြစ်ကြီးနား စည်ပင်သာယာ နယ်နိမိတ်အတွင်း နှာခေါင်းစည်း၊ ဖုန်ကာမျက်နှာဖုံး(Mask)တပ်ဆင်၍ ဆိုင်ကယ်စီးနင်းခြင်း သွားလာခြင်းမပြုလုပ်ရန် ဒေသန္တရ အမိန့်ထုတ်ပြန်ကြေညာ Reviewed by သစ်ထူးလွင် on 11:57 Rating: 5
Powered by Blogger.