ခရစ်ယာန်တပ်ဖွဲ့ဝင်တစ်ဦးက IS အကျဉ်းသားကို ပြန်လည်ခေါင်းဖြတ်ကွပ်မျက်


အယ်ဟက်ဆာကာ မေ ၃ဝ

ဆီးရီးယားနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင် တပ်သားတစ်ဦးက ဖမ်းဆီးရမိသည့် IS အဖွဲ့ အကျဉ်းသား တစ်ဦးကို လက်စားချေသည့် အနေဖြင့် ခေါင်းဖြတ်သတ်ခဲ့ကြောင်း ဒေးလီးမေးလ်သတင်းဌာနက ယနေ့ဖော်ပြထားသည်။

 အဆိုပါခေါင်းဖြတ်သတ်မှုကို ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်း အယ်ဟက်ဆာကာဒေသတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

IS အဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အဆိုပါဒေသမှ ခရစ်ယာန်ဘာသာဝင် ၂ဝဝခန့်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

ဆီးရီးယားနိုင်ငံတွင် ဒေသခံခရစ်ယာန်ဘာသာ ဝင်များသည် IS အဖွဲ့၏ ဖမ်းဆီး သတ်ဖြတ်ခြင်းများနှင့် ကြုံတွေ့ခဲ့ပြီးနောက် IS အဖွဲ့ကို တိုက်ခိုက်နေသည့် ကာ့ဒ်လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းကာ ပါဝင်တိုက်ခိုက်နေခြင်း ဖြစ်သည်။

အယ်ဟက်ဆာကာဒေသသည် ခရစ်တော်မပေါ်မီဒေသကပင် ထွန်းကားခဲ့သည့် လူ့အဖွဲ့အစည်းဖြစ်သည့် အက်ဆာရီယန်ဒေသခံများရှိနေပြီး အဆိုပါဒေသခံများထဲမှ ခရစ်ယာန်ဘာသာဝင်များကို IS အဖွဲ့များက ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

 ယခုလ အစောပိုင်းတွင် ခရစ်ယာန်ဘာသာဝင်များနှင့်ကာ့ဒ်လက်နက်ကိုင်အဖွဲ့သည် အယ်ဆာရီ ယန်ကျေးရွာများရှိ IS တပ်ဖွဲ့ဝင်များကို ပြန်လည်တိုက်ထုတ်နိုင်ခဲ့သည်။

 အဆိုပါကျေး ရွာများသည် အီရတ်-တူရကီနယ်စပ်အနီးတွင်တွေ့ရှိပြီး ခရစ်ယာန်ဘာသာဝင်များနှင့် အာမေးနီးယန်းတို့အများစုနေထိုင်ကြောင်းသိရသည်။

T 1 P (Ref:Daily Mail)
The Union Daily
http://uniondaily.net
ခရစ်ယာန်တပ်ဖွဲ့ဝင်တစ်ဦးက IS အကျဉ်းသားကို ပြန်လည်ခေါင်းဖြတ်ကွပ်မျက်  ခရစ်ယာန်တပ်ဖွဲ့ဝင်တစ်ဦးက IS အကျဉ်းသားကို ပြန်လည်ခေါင်းဖြတ်ကွပ်မျက် Reviewed by သစ်ထူးလွင် on 21:03 Rating: 5
Powered by Blogger.