အိန္ဒိယတွင် အပူလွန်ကဲမှုကြောင့် သေဆုံးသူ ၂၀၀၀ ခန့်ရှိပြီ


အိန္ဒိယ တနိုင်ငံလုံးမှာ အပူလှိုင်းကြောင့် သေဆုံးသူ ၂၀၀၀ နီးပါး ရှိလာပြီး အပူရှိန် ဒဏ်ခံနေရတဲ့  ပြည်သူတွေဟာ မုတ်သုန်မိုးကို မျှော်လင့်နေကြပါတယ်။

ဆေးရုံတွေမှာ အပူရှပ်တဲ့ လူနာတွေ အဆက်မပြတ် ရောက်နေတာကြောင့်  ဒီရက်ပိုင်းမှာ ဆရာဝန်တွေကို ခွင့်မယူဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

မိုးလေ၀သဌာနက အပူလှိုင်းကို အလွန် ပြင်းထန်တဲ့ အဆင့်သတ်မှတ်ထားပြီး နောက်ထပ် အနည်းဆုံး ၂ ရက်လောက် အပူရှိန် ကျဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

သေဆုံးသူတွေ အများစုဟာ တောင်ပိုင်းက အန်ထရာ ပရာဒေ့ရှ် ပြည်နယ်နဲ့ တယ်လန်ဂါနာ ပြည်နယ်တို့ ဖြစ်ပါတယ်။

အပူချိန် ၄၆ ဒီဂရီ ဆက်စီယက် ရှိပြီး မေ ၂၈ ရက်နေ့ တရက်တည်းမှာ လူ ၁၀၀ လောက် သေဆုံးသွားပါတယ်။

အိန္ဒိယ နွေရာသီမှာ ရေခန်းခြောက်တဲ့ လူနာ၊ အပူရှပ် လူနာတွေ ပုံမှန်သေဆုံးလေ့ရှိပေမ့ယ် ဒီနှစ်ကတော့ အရင်နှစ်တွေကထက် ပိုဆိုးပြီး လူသေစာရင်း နှစ်ဆနီးပါးလောက် တိုးသွားတာပါ။

နိုင်ငံတ၀ှမ်းမှာ ပြည်သူတွေဟာ မြစ်ထဲမှာ ရေစိမ်သူစိမ်၊ အရိပ်ကောင်းကောင်းမှာ ခိုသူခို၊ ရေများများ သောက်သူသောက်နဲ့ မေလ နောက်ဆုံးရက်တွေကို ဖြတ်သန်းနေရပါတယ်။

ဆင်းရဲသား လယ်သမားတွေ၊ ဆောက်လုပ်ရေး အလုပ်သမားတွေကတော့ စားဝတ်နေရေးအတွက် မဖြစ်မနေ နေပူကို မရှောင်နိုင်ဘဲ အလုပ်လုပ်နေရပါတယ်။
သေဆုံးသူ အများစုကလည်း ဆင်းရဲသားတွေ၊ အိမ်ခြေမဲ့တွေနဲ့ သက်ကြီး ရွယ်အိုတွေ ဖြစ်ပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
အိန္ဒိယတွင် အပူလွန်ကဲမှုကြောင့် သေဆုံးသူ ၂၀၀၀ ခန့်ရှိပြီ  အိန္ဒိယတွင် အပူလွန်ကဲမှုကြောင့် သေဆုံးသူ ၂၀၀၀ ခန့်ရှိပြီ Reviewed by သစ်ထူးလွင် on 12:32 Rating: 5
Powered by Blogger.