မိတ္ထီလာမြို့လယ်တွင် ကားမီးရှို့ခံရ


မိတ္ထီလာ မေ ၁၇

မိတ္ထီလာမြို့လယ် မြို့မလေးရပ်ကွက် ရုပ်ရှင်ရုံလမ်းတွင် အိမ်ရှေ့ရပ်ထား သောကားကို လူငယ်တစ်ဦးက မီးရှို့သွားသဖြင့် ကားမီးလောင်မှု ဖြစ်ပွား ခဲ့သည်။

ဖြစ်ပွားပုံမှာ ပန်းတိမ်တန်းရပ် ရွှေဗဟိုရုပ်ရှင်ရုံရှေ့ရှိ ဦးရှင်မိုး ကားကူရှင် လုပ်ငန်းမှ ဦးခိုင်မင်းသန်း၏ ဟိုက်ဂျက်အမျိုးအစား အဖြူရောင်ယာဉ်အမှတ် MDY----- ကားကို မေ ၁၆ ရက်ညက အိမ်ရှေ့တွင်ရပ်ထားပြီး ညအိပ်ခဲ့ ကြောင်း၊ ညသန်းခေါင်ကျော်တွင် အိမ်နီးချင်းမိတ်ဆွေဦးမြင့်ဆွေက ကားမီး လောင်နေကြောင်း ပြောပြသဖြင့် ထွက်ကြည့်ရာ ကားမှာမီးလောင်နေပြီး ပျက်စီးနေကြောင်း စစ်ဆေးတွေ့ရှိရသည်။

ကိုခိုင်မင်းသန်းက ၄င်း၏ CCTV ကင်မရာကို စစ်ဆေးကြည့်ရှုရာ မေ ၁၆ ရက် ည ၁၂ နာရီကျော်က ၄င်းကားအနီးတွင် အသက် (၁၃နှစ်)နှင့် ၁၅ နှစ်ကြားရှိ ရှပ်အင်္ကျီအကွက်ကျားလက်တိုနှင့် ဘောင်းဘီရှည်ဝတ်၊ ဆံပင် နီကြောင်ကျားဆေးဆိုး လူငယ်တစ်ဦးက ကားဘက်ထရီအား မီးရှို့သွားသည် ကို စစ်ဆေးတွေ့ရှိရသဖြင့် ကိုခိုင်မင်းသန်းက မြို့မရဲစခန်းတွင် ၄င်း၏ကားအား မီးရှို့သွားသည့် လူငယ်အား အရေးယူပေးရန် တိုင်ကြားရာ မိတ္ထီလာမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

တင်လှိုင်(မိတ္ထီလာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိတ္ထီလာမြို့လယ်တွင် ကားမီးရှို့ခံရ မိတ္ထီလာမြို့လယ်တွင် ကားမီးရှို့ခံရ Reviewed by သစ်ထူးလွင် on 03:53 Rating: 5
Powered by Blogger.