ကံပြား-နေပြည်တော် လမ်းတွင် အမျိုးသမီး တစ်ဦးထံမှ ရွှေဆွဲကြိုး လုယူ ထွက်ပြေးမှုဖြစ်ပွား


မကွေး မေ ၃ဝ

မကွေးမြို့နယ် ကံပြားကျေးရွာအနီး ကံပြား-နေပြည်တော်လမ်းတွင် ဆိုင်ကယ်ပေါ်မှအမျိုးသမီးတစ်ဦး ဝတ်ထားသော ရွှေဆွဲကြိုးအား ထိုဆိုင်ကယ်နောက်မှ ကျော်တက်မောင်းနှင်သွားသည့် ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦးက ဆွဲဖြတ်လုယူထွက်ပြေးမှု မေ ၂၉ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မေ ၂၉ ရက် မွန်းလွဲ ၁ နာရီက မဇင်မာမြင့် အသက်(၂၆)နှစ် ရန်အောင်(၁၂)လမ်း မကွေး မြို့နေသူသည် မင်္ဂလာဆောင်သွားရောက်ရန်အတွက် ကိုဝင်း ဘုရားပြို(မ)ရွာနေသူမောင်းနှင်သော ၁ဝယ/--- YINBO 110 ဆိုင်ကယ်နောက်မှ လိုက်ပါလာခဲ့စဉ် ကံပြား-နေပြည်တော်လမ်း ကံပြားမောင်းတံဂိတ်အကျော်တွင် နောက်မှလိုက်ပါလာသော အနက်ရောင်ဆိုင်ကယ်ပေါ် မှ အမျိုးသားက မဇင်မာမြင့်လည်ပင်းတွင် ဆွဲထားသော ပုလဲဆွဲသီးပါ ဘားတိုက်ပုံဆွဲကြိုး(အလေးချိန် ၁၅ ပဲ)အား ဆွဲယူ၍ နေပြည်တော်လမ်းအတိုင်းထွက်ပြေးမောင်းနှင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ မဇင်မာ မြင့်က တိုင်ကြားခဲ့သောကြောင့် မကွေးမြို့နယ် မကွေးနယ်မြေ ရဲစခန်းမှ အမှုဖွင့်ထားပြီး ဆွဲကြိုးလုယူထွက်ပြေးသူအား အမြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

(ကျော်ဇေယျ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

ကံပြား-နေပြည်တော် လမ်းတွင် အမျိုးသမီး တစ်ဦးထံမှ ရွှေဆွဲကြိုး လုယူ ထွက်ပြေးမှုဖြစ်ပွား  ကံပြား-နေပြည်တော် လမ်းတွင် အမျိုးသမီး တစ်ဦးထံမှ ရွှေဆွဲကြိုး လုယူ ထွက်ပြေးမှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 11:10 Rating: 5
Powered by Blogger.