မောတောင်ကို အထူးနယ်စပ်ဂိတ်အဖြစ်တိုးမြှင့်မည်


မြန်မာ-ထိုင်း ယာယီနယ်စပ် ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင်ရှိ မောတောင် နယ်စပ်ဂိတ်ကို ယခုလ ၂၃ ရက်မှစပြီး အထူးနယ်စပ် ဂိတ်အဖြစ် တိုးမြှင့် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပရာကျွတ်ခီရီခန် ခရိုင်ဝန်က ပြောကြား သည်။ တနင်္သာရီတိုင်း ဒေသကြီး အစိုးရနှင့် ပရာကျွတ်ခရိုင်ဝန်နှင့်အဖွဲ့ဝင် များသည် မြိတ်မြို့တွင် ယမန်နေ့ကပြုလုပ်သည့် မောတောင်-ဆင်းခွန် နယ်စပ်ဝင်/ထွက်ဂိတ် အဆင့် တိုးမြှင့်ခြင်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေးတွင် ခရိုင်ဝန်က ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

အထူးနယ်စပ်ဂိတ်အဖြစ်တိုးမြှင့်ရန် ထိုင်းနိုင်ငံရှိဝန်ကြီးများအစည်း အဝေးတွင်သဘောတူပြီးဖြစ်ကာ ပရာကျွတ်ခရိုင်အတွင်းရှိ တိုက်နယ်ငါးခု သို့ တစ်ညအိပ် နှစ်ရက်ခရီးသွား လာခွင့် ပြုမည်ဖြစ်သည်ဟု ဆိုသည်။
''တစ်ညအိပ်နှစ်ရက်ခရီးက တအားနည်းနေတယ်။ နှစ်ညအိပ်လောက် ဆိုရင်လုံလောက်မယ်''ဟု မြိတ်ခရိုင်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးလှသန်းကပြောသည်။

ယင်းသို့ဖြတ်သန်းသွားလာခွင့်အချိန်နည်းခြင်းသည် မြန်မာဘက်မှ ပရာကျွတ်သို့ ကုန်သွယ်လိုသူများ အတွက်အခက်အခဲ ဖြစ်သကဲ့သို့ ပရာကျွတ် ဘက်မှ ခရီးသွားလုပ်ငန်းတိုးမြှင့် မည့်သူများအတွက်လည်း အခက် အခဲရှိနိုင်သည်ဟု ဝန်ကြီးချုပ် ဦးမြတ်ကိုကပြောသည်။

ယခင် ယာယီနယ်စပ်ဂိတ် အဆင့်တွင် မြန်မာဘက်မှ ပရာ ကျွတ်မြို့အနီးအနားသို့ နေ့ချင်းပြန် ခရီးသာ သွားလာခွင့်ပေးခဲ့သည်။ နောက်ပိုင်းတွင် ခရီးသွားလာမှုနှင့် ကုန်သွယ်မှုအခြေအနေအပေါ် မူ တည်ပြီး မြန်မာဘက်မှခွင့်ပြုပေး ထားသည့် သွားလာခွင့်နှင့်ညီတူခွင့် ပြုရန် ထိုင်းဝန်ကြီးချုပ်ထံတင်ပြ သွားမည်ဟုပရာကျွတ်ခရိုင်ဝန်က ပြောသည်။

အထူးနယ်စပ်ဂိတ်အဖြစ်ဖွင့် လှစ်ပြီးပါက ထိုင်းဘက်မှ မြန်မာ ဘက်သို့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ဖြင့် ၁၃ညအိပ် ၁၄ရက်၊ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက် မှတ်ဖြင့် ခြောက်ညအိပ် ခုနစ်ရက် သွားလာခွင့်ပြုမည်ဖြစ်ကြောင်း အထက်ပါအစည်းအဝေးမှ သိရ သည်။

မြန်မာဘက်မှ မောတောင်နယ် စပ်စခန်းကို ၂ဝ၁၃ ခုနှစ် မေလ ၈ရက်က တရားဝင်ဖွင့်လှစ်ထား ပြီးဖြစ်ကြောင်း သိရသည်။

The Union Daily
http://uniondaily.net
မောတောင်ကို အထူးနယ်စပ်ဂိတ်အဖြစ်တိုးမြှင့်မည်  မောတောင်ကို အထူးနယ်စပ်ဂိတ်အဖြစ်တိုးမြှင့်မည် Reviewed by သစ်ထူးလွင် on 11:57 Rating: 5
Powered by Blogger.