ကုန်တင်ယာဉ် တံတားကိုတိုက်မိပြီး တိမ်းမှောက်


ရေတာရှည် မေ ၂၈

မေ ၂၇ ရက် နံနက် ၄ နာရီက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့မြောက်ဘက် အထွက် ရန်ကုန်-မန္တလေး ကားလမ်း တံတားအား ၁၂ဘီးကုန်တင်ယာဉ်က အရှိန်လွန်ကာဝင်တိုက်မိပြီး ကားလမ်းအရှေ့ဘက်သို့ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးကားလမ်းအတိုင်း တောင်မှမြောက်သို့ မင်းဇော်(၂၉နှစ်) ဆည်တုန်ကျေးရွာ တောင်သာမြို့နယ်မောင်းနှင်ပြီး ကိုသက်စိုး(၃၆နှစ်) တံတား အနောက်ကျေးရွာ တောင်သာကျေးရွာနေသူ လိုက်ပါလာသည့် ၃ဃ/--- နီဆန်း (၁၂)ဘီးကုန်တင်ယာဉ်သည် ရေတာရှည်မြို့မြောက်ဘက်အထွက်ရှိ တံတားအမှတ် ၃/--- ၏အရှေ့ဘက်ခြမ်း လက်ရန်းအုတ်ခုံများကို အရှိန်လွန် ဝင်တိုက်ကာ ချောင်းအတွင်း တိမ်းမှောက်သွားခဲ့ကာ ယာဉ်မောင်းနှင့်ယာဉ် နောက်လိုက်တို့နှစ်ဦးမှာ ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရပြီး ရေတာရှည်မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကုန်တင်ယာဉ် တံတားကိုတိုက်မိပြီး တိမ်းမှောက်  ကုန်တင်ယာဉ် တံတားကိုတိုက်မိပြီး တိမ်းမှောက် Reviewed by သစ်ထူးလွင် on 12:49 Rating: 5
Powered by Blogger.