သီပေါမြို့တပ်ရင်းတခု တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်


မေ ၅ ရက် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း အခြေစိုက်သည့် အစိုးရတပ်မတော် တပ်ရင်းတခုအား အမည်မသိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့က တနာရီခန့်အကြာ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မေလ ၄ ရက် ည ၈ နာရီကျော် မှ ၉ နာရီကျော်သည့် အထိ အင်အား ၅၀ ခန့်ရှိ အမည် မသိလက်နက်ကိုင်အဖွဲ့တဖွဲ့က သီပေါမြို့မြောက်ဘက် တုံစန့်ရွာနှင့်ကပ်ရက်ရှိ အစိုးရတပ်မတော် တပ်ရင်း အမှတ် ခလရ ၂၃ အား ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သီပေါမြို့မှ စစ်တပ်နှင့်နီးစပ်သူတဦးက “ မြန်မာစစ်တပ်ဘက်က တယောက်သေတယ်။ ဒဏ်ရာရတာက ၄ ယောက် ။ တိုက်ခိုက်ရေးအင်အားက ရှေ့တန်းထွက်နေကြတယ်လေ။ တပ်စောင့်သိပ်မရှိဘူးဆိုတာသိကြတော့ ဝင်ပစ်ကြတာလည်းဖြစ်နိုင်တယ်” ဟုပြောသည်။

အတည်မပြုနိုင်သေးသည့်သတင်းအရ ခလရ ၂၃ အားဝင်ရောက်ပစ် ခတ်သည်မှာ TNLA တအာန်းတပ်ဖွဲ့ဖြစ်သည်ဟုဆိုပါသည်။

တအာန်းတပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ကြေငြာ ချက်အရ မေလ ၄ ရက်နေ့ မနက်ပိုင်းက ပြင်ဦးလွင်နှင့် မိုးကုတ်ကြားက အစိုးရတပ်ဖွဲ့ စစ်ယာဉ်တန်းအား ခြုံခိုတိုက်ခိုက်ကြောင်း၊ ညနေ ၆ နာရီတွင်မူ မိုင်းလုံနှင့်ကျောက်မဲကြားက အစိုးရ တပ်မတော် နှင့် တိုက်ပွဲဖြစ်ပွါးခဲ့သေးေ ကြာင်း၊ သီပေါမြို့တိုက်ခိုက်မှုနှင့်ပတ်သက်၍ ထည့်သွင်းထုတ်ပြန်ထားခြင်း မရှိပေ။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
သီပေါမြို့တပ်ရင်းတခု တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်  သီပေါမြို့တပ်ရင်းတခု တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက် Reviewed by သစ်ထူးလွင် on 20:28 Rating: 5
Powered by Blogger.