ကြို့ပင် ကျေးရွာ၌ အမျိုးသမီးအချင်းချင်း ဓားခုတ်မှုဖြစ်ပွား


အောင်လံ မေ ၃ဝ

မကွေးတိုင်းဒေသကြီး သရက် ခရိုင် အောင်လံမြို့နယ် ကြို့ပင် ကျေးရွာတွင် ယမန်နေ့ ညနေ ၆ နာရီ ခွဲက အမျိုးသမီးအချင်းချင်း ဓားခုတ် မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဓားဖြင့်ခုတ်ခံရသူ မဝင်းအေး (၃၂နှစ်) ကြို့ပင်ကျေးရွာ နေသူသည် ဖခင်ဖြစ်သူနေအိမ်မှ ပြန် လာစဉ် ရွာလယ်လမ်း၌ တစ်ရွာ တည်းနေ မခိုင်ဝင်းမော် (၂၈ နှစ်)နှင့် တွေ့ဆုံပြီး ထိုနေ့ ညနေပိုင်းက မဝင်းအေး၏အစ်မ မယဉ်အေးကို မခိုင်ဝင်းမော်က ၄င်း၏ ခင်ပွန်းနှင့် စွပ်စွဲပြောဆိုစကားများသည့်အတွက် မဝင်းအေးက မကျေမနပ်ဖြစ်၍ အပြန်အလှန် စကားများကြရာမှ မခိုင်ဝင်းမော်က အသင့်ပါလာသော အသွား ခြောက်လက်မ၊ အရိုး ငါး လက်မခွဲခန့်ရှိ ဝါးရိုးတပ် ဓားဦးချွန် ဖြင့် ထိုးခုတ်ရာ မဝင်းအေး ဒဏ်ရာ ရရှိခဲ့သဖြင့် အောင်လံမြို့မ ရဲစခန်း က အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သိန်းလွင်(iprd)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကြို့ပင် ကျေးရွာ၌ အမျိုးသမီးအချင်းချင်း ဓားခုတ်မှုဖြစ်ပွား ကြို့ပင် ကျေးရွာ၌ အမျိုးသမီးအချင်းချင်း ဓားခုတ်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 05:26 Rating: 5
Powered by Blogger.