အိမ်ထောင်ရေး ဖောက်ပြန်သည့် ခင်ပွန်းသည်ကို အက်စစ် ၁၀ ပုလင်းလောင်းချ၍ သတ်ဖြတ်သူ အမျိုးသမီး တိမ်းရှောင်လျက်ရှိ


ဗန်ကောက် ၊ ၃-၅-၂၀၁၅

ထိုင်းနိုင်ငံ ထရန်ပြည်နယ် တွင် အိမ်ထောင်ရေး ဖောက်ပြန်သည့် ခင်ပွန်း ဖြစ်သူကို ဇနီးဖြစ်သူက ယမန်နေ့တွင် အက်စစ်ဖြင့် လောင်းချ၍ သတ်ဖြတ် ခဲ့ကြောင်း ဗန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်ရပ်သည် ဆီခေါင်ခရိုင် အတွင်းရှိ တမ်ဘွန်ဘိုအင် ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူမှာ အဆိုပါ ကျေးရွာ အကြီးအကဲ ဖြစ်ကြောင်း သိရသည်။ သေဆုံးသူ အမျိုးသားမှာ အသက် ၄၆ နှစ် အရွယ်ရှိပြီး ၄င်းသည် အခြား အမျိုးသမီး တစ်ဦးနှင့် အိမ်ထောင်ရေး ဖောက်ပြန်မှု ကြောင့် ဇနီးဖြစ်သူက အက်စစ် ၁ဝ ပုလင်းကို ရေပုံးတစ်ခု အတွင်းသို့ ထည့်၍ ခင်ပွန်းဖြစ်သူ အိပ်ပျော်နေစဉ် လောင်းချခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

အခင်း ဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ ရောက်ရှိ သွားချိန်တွင် သေဆုံးသူ အမျိုးသားမှာ ကြမ်းပြင်ပေါ်တွင် လဲနေပြီး ၄င်းကို အာဏာပိုင် များက ဆေးရုံသို့ ပို့ဆောင် ခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွား ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ဖော်ပြချက် အရ သိရသည်။

သို့ရာတွင် သေဆုံးသူ အမျိုးသား၏ အမည်ကို ရဲတပ်ဖွဲ့က ဖော်ပြခဲ့ခြင်း မရှိကြောင်း၊ ယင်း အမျိုးသားသည် အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် ဇနီးဖြစ်သူနှင့် မကြာခဏ စကားများ ရန်ဖြစ်လေ့ ရှိကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်း ပြောကြား ထားသည်။

အဆိုပါ ဖြစ်ရပ်နှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး လျက်ရှိပြီး ထွက်ပြေး သွားသည့် ဇနီးဖြစ်သူကို လိုက်လံ ရှာဖွေလျက် ရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
အိမ်ထောင်ရေး ဖောက်ပြန်သည့် ခင်ပွန်းသည်ကို အက်စစ် ၁၀ ပုလင်းလောင်းချ၍ သတ်ဖြတ်သူ အမျိုးသမီး တိမ်းရှောင်လျက်ရှိ  အိမ်ထောင်ရေး ဖောက်ပြန်သည့် ခင်ပွန်းသည်ကို အက်စစ် ၁၀ ပုလင်းလောင်းချ၍ သတ်ဖြတ်သူ အမျိုးသမီး တိမ်းရှောင်လျက်ရှိ Reviewed by သစ်ထူးလွင် on 12:10 Rating: 5
Powered by Blogger.