လားရှိုး ပေါက်ကွဲမှု ကလေး ၁ ဦးသေ၊ လူကြီး ၂ ဦး ဒဏ်ရာရ


ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၁၂ မှာရှိတဲ့ ကုန်တင်ယာဉ်ကြီးများ ရပ်နား စခန်းဝင်းအတွင်းက လူနေတိုက်ခန်းတခုမှာ မေ ၉ ရက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။
ဒီပေါက်ကွဲမှုကြောင့် လူကြီး ၂ ဦး ဒဏ်ရာရပြီး ကလေး ၁ ဦးသေဆုံးသွားပါတယ်။

၃ နှစ် ကလေးငယ်က လျက်ဆား ပုလင်းနဲ့ ပုံစံတူတဲ့ ပစ္စည်းတခုကို ကောက်ယူလာပြီး ဖခင်နဲ့ အတူ ဆော့ကစားရာက   ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ကာယကံရှင် အမျိုးသမီးက ပြောပါတယ်။

ဒီပေါက်ကွဲမှုကို ဗုံးပေါက်ကွဲမှုလို့ ရဲတပ်ဖွဲ့က ယူဆပြီး မြို့ခံ လူထုတွေအနေနဲ့ မသင်္ကာဖွယ် ပစ္စည်း တခုခုကိုတွေ့ရင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို အကြောင်းကြားပေးဖို့ ရှမ်းပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူး အောင်မြတ်မိုးက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ်အတွက် ရဲတပ်ဖွဲ့က ငွေကျပ် ၂ သိန်း ထောက်ပံ့ခဲ့ပါတယ်။

 By ခွန်ဇော်ဦး  (ဒီဗွီဘီ)
http://burmese.dvb.no


လားရှိုး ပေါက်ကွဲမှု ကလေး ၁ ဦးသေ၊ လူကြီး ၂ ဦး ဒဏ်ရာရ  လားရှိုး ပေါက်ကွဲမှု ကလေး ၁ ဦးသေ၊ လူကြီး ၂ ဦး ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 17:53 Rating: 5
Powered by Blogger.