လှေစီးပြေးရင်းမြစ် မြန်မာမဟုတ်ဟုဆို


ကပ္ပလီပင်လယ်ပြင်ထဲမျောပါနေတဲ့ လှေစီးဒုက္ခသည်အများစုဟာ မြန်မာနိုင်ငံကမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံ တခုကသာ ဖြစ်ကြောင်း နိုင်ငံတကာ သိအောင်ပြောကြားနိုင်ခဲ့တယ်လို့ ဘန်ကောက် လှေစီးစည်းဝေး ပွဲတက်ခဲ့တဲ့ မြန်မာအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

မေလ ၂၉ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ လှေစီးအရေးစည်းဝေးပွဲကို ခေါင်းဆောင်တက်ရောက်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက လှေစီးပြေးအများစုရဲ့ ရင်းမြစ်ဟာ မြန်မာမဟုတ်ကြောင်းနဲ့ လှေစီးဒုက္ခသည်တွေကို လက်ခံထားတာလည်း ယာယီသာဖြစ်တယ်ဆိုတဲ့ ရလဒ် ၂ ခုရရှိအောင် ဆွေးနွေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာကို ပြောကြားခဲ့တာပါ။

မေ ၂၉ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ပုံမှန်မဟုတ်ဘဲ ပြောင်းရွှေ့နေတဲ့ သူတွေအရေးအစည်းအဝေးမှာ နိုင်ငံပေါင်း ၁၇ နိုင်ငံနဲ့  ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ)၊၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာအဖွဲ့ (ယူအန်အိုဒီစီ) နဲ့  နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (အိုင်အိုအမ်) က ကိုယ်စားလှယ်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ လှေစီးဒုက္ခသည် ၁၀၀၀ လောက် ယာယီစောင့်ရှောက်ထားရပြီး အများစုဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြစ်ပါတယ်။

ဓာတ်ပုံ – MOI
 By ဒီဗွီဘီ
http://burmese.dvb.no
လှေစီးပြေးရင်းမြစ် မြန်မာမဟုတ်ဟုဆို လှေစီးပြေးရင်းမြစ် မြန်မာမဟုတ်ဟုဆို Reviewed by သစ်ထူးလွင် on 11:41 Rating: 5
Powered by Blogger.