ဒီမိုကရက်တစ် သမ္မတလောင်းနောက်တစ်ဦး ပေါ်ထွက်လာ


အမေရိကန် ပြည်ထောင်စု မှာ တော့ မေရီလဲန် ပြည်နယ်ရဲ့ အုပ်ချုပ်ရေး မှုး အဖြစ် လုပ်ဆောင်ခဲ့ ဖူးတဲ့ Martin O'Malle ဟာ ဒီ မိုကရက် တစ် ပါတီ ရဲ့ သမ္မတ လောင်း ဖြစ် လာ ဖို့ ဝင်ရောက် ယှဉ် ပြိုင် မှာ ဖြစ်ပါတယ်။

အသက် ၅၂ နှစ် အရွယ် မစ္စတာ အိုမာလီ ဟာ ဘော်လ်တီမော မြို့တော်ဝန် လည်း ဖြစ်ခဲ့ ဖူးပြီး ဒီမိုကရက်တစ် သမ္မတ လောင်း ဖြစ်ဖို့ ဟီလာရီ ကလင်တန် ဆီနိတ်တာ ဘာနီ ဆဲန်ဒါစ် တို့နဲ့ ယှဉ်ပြိုင် ရ မှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ နေရာ ဆိုတာ တော်ဝင် မိသားစု ၂ ခု အကြား လက်ပြောင်း ရယူ တဲ့ သရဖူ မဟုတ် ဘူး လို့ မစ္စတာ အိုမာလီ က ပြောပါတယ်။

ဒါ ကတော့ ရီပတ်ဘလီကဲန် သမ္မတ လောင်း ဖြစ်ဖို့ တာစား နေတဲ့ ဘွတ်ရှ် မျိုး နွယ် ဆက် Jeb Bush နဲ့ သမ္မတ ကတော် ဖြစ် ဖူးတဲ့ Mrs ကလင်တန် တို့ ကို ရည်ညွှန်းပြီး ပြောတာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဒီမိုကရက်တစ် သမ္မတလောင်းနောက်တစ်ဦး ပေါ်ထွက်လာ  ဒီမိုကရက်တစ် သမ္မတလောင်းနောက်တစ်ဦး ပေါ်ထွက်လာ Reviewed by သစ်ထူးလွင် on 21:15 Rating: 5
Powered by Blogger.