ထောင်ဒဏ်ဆယ်နှစ်ကျခံရဖွယ်ရှိသည့် မင်းသားဂျော်နီဒက်ပ်


 ပြီးခဲ့သည့် ဧပြီလက သြစတြေးလျနိုင်ငံသို့ ရိုက်ကူးရေးသွားစဉ် သူ၏ခွေးနှစ်ကောင်အား တရားဝင်မှတ်ပုံတင်ခြင်းမရှိဘဲ ခေါ်ဆောင်ခဲ့သည့်အတွက် ဂျက်ခ်စရိုးမင်းသား ဂျော်နီဒက်ပ်သည် ထောင်ဒဏ်ဆယ်နှစ်ကျခံရဖွယ်ရှိကြောင်း သြစတြေးလျ အာဏာပိုင်များကပြောသည်။

အဆိုပါတာဝန်ရှိသူများက ဟောလိဝုဒ်စတားကျူးလွန်ခဲ့သော ကိစ္စမှာ ပြည်ဝင်ခွင့်နှင့် ပတ်သက်သည့်အတွက် ကြီးလေးသော ကိစ္စဖြစ်ကြောင်းနှင့် ပြင်းပြင်းထန်ထန် အရေးယူ ခံရနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

ဂျော်နီဒက်ပ်သည် သူ၏ဇနီး အမ်ဘာဟာ့ဒ်နှင့်အတူ ကိုယ်ပိုင်လေယာဉ် ဖြင့် သြစတြေးလျနိုင်ငံသို့သွားရောက်ခဲ့ရာသူ၏ ခွေးများဖြစ်သောပစ်စတိုနှင့်ဘို တို့အား သြစတြေးလျ အာဏာပိုင်များကို အသိပေးခြင်းမရှိဘဲအတူခေါ်ဆောင် နေထိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ တရားစွဲဆို ခံခဲ့ရခြင်း ဖြစ်သည်။

The Sydney Morning Herald ၏ သတင်းထုတ်ပြန်ချက်အရ ဒက်ပ် သည် ဆယ်စုနှစ်တစ်နှစ်ခန့်ထောင်ဒဏ်ကျခံခြင်း သို့မဟုတ် အများဆုံးဒဏ်ကြေး ငွေ သြစတြေးလျဒေါ်လာ သုံးသိန်းလေးသောင်း(ပေါင်တစ်သိန်း ခုနစ်သောင်း နှစ်ထောင်) ပေးဆောင်ရဖွယ်ရှိသည်။

ခင်ခင်သက်
The Mirror Daily
https://www.facebook.com/TheMirrorDaily
ထောင်ဒဏ်ဆယ်နှစ်ကျခံရဖွယ်ရှိသည့် မင်းသားဂျော်နီဒက်ပ်  ထောင်ဒဏ်ဆယ်နှစ်ကျခံရဖွယ်ရှိသည့် မင်းသားဂျော်နီဒက်ပ် Reviewed by သစ်ထူးလွင် on 05:41 Rating: 5
Powered by Blogger.