အိန္ဒိယအားကစားမယ်များ အဆိပ်သောက်၊ ၁ ဦးသေ ၃ ဦး အခြေအနေ စိုးရိမ်ရ

ဓာတ်ပုံ - ANI
အိန္ဒိယနိုင်ငံ ကဲလာရာ ပြည်နယ်က အားကစား အာဏာပိုင်အဖွဲ့ SAI ရဲ့ အဆောင်မှာ အဆိပ်သောက်မှုကြောင့် လူငယ် အားကစားမယ် ၁ ဦး သေဆုံးသွားပြီး အားကစားမယ် တခြား ၃ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

သင်တန်းနည်းပြက အနှောင့်အယှက် ဒုက္ခပေးတာကြောင့် အခုလို အဆိပ်သောက်ကြတာလို့ ပြောကြပါတယ်။

အိန္ဒိယ အားကစားဝန်ကြီး စာဘာနန်ဒါ စိုနိုဝယ်လ်က တိုင်းပြည်အတွက် အင်မတန် အလားအလာကောင်းတဲ့ အားကစားမယ်ကို ဆုံးရှုံးရလို့ ဝမ်းနည်းကြောင်း ပြောပါတယ်။

အမှုကို ရဲစစ်ဆေးမှုနဲ့အတူ SAI ရဲ့ ညွှန်ကြားရေးမှူးချုပ်ကို စုံစမ်းစစ်ဆေးပြီး အချက်အလက်တွေကို အစီရင်ခံစာ တင်ဖို့ အမိန့်ထုတ်ပါတယ်။

အသက်ရှင်ကျန်သူတွေကိုလည်း ဒီအဆင့်မှာ ဖြစ်နိုင်သမျှ အကောင်းဆုံး ဆေးဘက် အထောက်အပံ့ပေးဖို့ ထိပ်တန်း ဦးစားပေးဖြစ်ကြောင်း ပြောပါတယ်။

ကဲရာလာအခြေစိုက် မီဒီယာတွေကတော့ အားကစားမယ် မိန်းကလေးတွေဟာ  ရေဆိုင်ရာ အားကစားဌာနမှာ သင်တန်းနည်းပြရဲ့ အရှက်ခွဲတဲ့ဒဏ်ကို မခံနိုင်တော့လို့ အစွန်းရောက် လုပ်ရပ်ကို လုပ်ခဲ့တာလို့ အစီရင်ခံပါတယ်။

အားကစား ညွှန်ချုပ် အင်ဂျတ်တီ စရီနိဗတ်စ်က “ဖြစ်စဉ်တရပ်လုံးကို အောက်ခြေထိ သိရအောင် ကြိုးစားမယ်၊ နောက်ကို အလားတူ မတော်တဆမှု မဖြစ်တာ သေချာစေရေး လိုအပ်သမျှ အားလုံးလုပ်မယ်” လို့ ပြောပါတယ်။

မိန်းကလေးတွေရဲ့ ဆွေမျိုးတွေကတော့ အားကစားမယ်တွေဟာ ရုပ်ပိုင်းရော စိတ်ပိုင်းပါ နှိပ်စက်ခံခဲ့ရတယ်လို့ စွပ်စွဲခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
အိန္ဒိယအားကစားမယ်များ အဆိပ်သောက်၊ ၁ ဦးသေ ၃ ဦး အခြေအနေ စိုးရိမ်ရ အိန္ဒိယအားကစားမယ်များ အဆိပ်သောက်၊ ၁ ဦးသေ ၃ ဦး အခြေအနေ စိုးရိမ်ရ Reviewed by သစ်ထူးလွင် on 09:25 Rating: 5
Powered by Blogger.