လပွတ္တာတွင် ဝိုင်ယာရှော့ခ်ဖြစ်ရာမှ ဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင်ကျွမ်း


လပွတ္တာ မေ ၂

လပွတ္တာမြို့ အမှတ်(၉)ရပ် ကွက် ၇ လမ်းရှိ အောင်မင်္ဂလာ မြို့ဦးကျောင်းတွင် ဧပြီ ၂၉ရက် ညနေ ၅ နာရီက ကျောင်းတွင် သွယ်ထားသော ဝိုင်ယာကြိုးမှ ရှော့ခ်ဖြစ်ပြီး မီးလောင်ရာ ပင်မ ကျောင်းဆောင်တစ်ခုလုံး လောင် ကျွမ်းသွားခဲ့ပြီး ကာလတန်ဖိုးငွေ ကျပ်သိန်း ၈ဝဝ ဖိုးခန့် ပျက်စီးဆုံး ရှုံးကာ ကျောင်းနေရဟန်း ၁၄ ပါး နှင့်ကိုရင်၁ဝပါးတို့မှာသီတင်းသုံး နေထိုင်ရေးအခက်အခဲများရှိနေ ကြောင်း သိရသည်။

မီးလောင်ရာသို့မြို့နယ်မီးသတ် တပ်ဖွဲ့ဦးစီးဌာနမှ ရေသယ်မီးသတ် ကားများ၊ ရေသယ်ဒိန်းဒေါင်းယာဉ် များ အချိန်မီလာရောက်ငြှိမ်းသတ် နိုင်မှုကြောင့် ည၆နာရီ ၂၈မိနစ်ခန့် တွင်မီးငြိမ်းသွားပြီး ထိခိုက်ဒဏ်ရာ နှင့်သေဆုံးသူမရှိကြောင်းသိရသည်။

အဆိုပါမီးလောင်ရာသို့မြို့နယ် အုပ်ချုပ်ရေးမှူးဦးတိုးတိုးထွန်း၊ မြို့ နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်မောင်ဌေး တို့နှင့်တာဝန်ရှိသူများ လာရောက် ကာအနီးကပ်ကြီးကြပ်ကြသည်။

မီးဘေးသင့်သံဃာတော်များ ကို လပွတ္တာခရိုင်အထွေထွေအုပ် ချုပ်ရေးမှူးနှင့် မုဒိတာလျှပ်စစ် ပစ္စည်းအရောင်းဆိုင်နှင့် ရွှေနန်း တော်ရွှေဆိုင်ပိုင်ရှင် ဦးသိန်းဌေး၊ နာရေးကူညီမှုအသင်း အတွင်းရေး မှူး ဦးသိန်းတိုး၊ မြို့နယ်စည်ပင် သာယာအဖွဲ့အမှုဆောင်အရာရှိ၊ ကြာငါးခိုင်သင်္ကန်းတိုက်မရွှေစင် မိသားစု၊ဦးစိုးစိုး(သတင်းထောက်) တို့မှ သင်္ကန်း၊ ဖိနပ်၊ ပန်းကန်၊ ရေခွက်၊ လင်ပန်း၊ ချိုင့်စသော အသုံးအဆောင်ပစ္စည်းများလှူဒါန်း ကြသည်ဟုသိရသည်။

စိုးစိုး(လပွတ္တာ)
The Union Daily
http://uniondaily.net
လပွတ္တာတွင် ဝိုင်ယာရှော့ခ်ဖြစ်ရာမှ ဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင်ကျွမ်း  လပွတ္တာတွင် ဝိုင်ယာရှော့ခ်ဖြစ်ရာမှ ဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင်ကျွမ်း Reviewed by သစ်ထူးလွင် on 06:00 Rating: 5
Powered by Blogger.