ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှု


ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ သေဆုံးသူ အမျိုးသားနှင့် ပတ်သက်၍ သိရှိပါက သတင်းပေးနိုင်ပါရန်

ရန်ကုန်၊ မေ ၁

၃၀.၄.၂၀၁၅ ရက်နေ့ ၁၀၀၀ အချိန်တွင် ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်၊ မြကန်သာလမ်း၊ မြကန်သာအိမ်ရာအားကစားကွင်း၊ အုတ်နံရံဘေး အမှိုက်ပုံ အနီးတွင် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေသည့်ကို တွေ့ရှိရသဖြင့် ကမာရွတ်မြို့မရဲစခန်းမှ (ပ)၂၃၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းဖော်ထုတ်လျက်ရှိပါသည်။

သေဆုံးသူအမျိုးသားတွင် ဓါတ်ပုံတွင်ဖော်ပြပါ တီရှပ်အင်္ကျီလက်တိုနှင့် ဂျင်းဘောင်းဘီအရှည်အား ၀တ်ဆင်ထားပြီး အသက် ၃၀ နှစ်ခန့်၊ အရပ် ၅ ပေ ၅ လက်မခန့်ရှိကာ ၎င်း၏ခန္ဓာကိုယ်၌ ဓါတ်ပုံများတွင် ဖော်ပြထားသည့် ဆေးမင်များထိုးထားသည်ကို တွေ့ရှိရပါသည်။ (၎င်း၏မျက်နှာမှာ ရုပ်ဆင်း အင်္ဂါပျက်ယွင်းနေပြီ ဖြစ်သဖြင့် ထည့်သွင်း ဖော်ပြနိုင်ခြင်းမရှိပါ။)

အဆိုပါသေဆုံးသူ အမျိုးသားနှင့်ပတ်သက်၍ မည်သူမည်ဝါဖြစ်ကြေင်း မသိရှိရသေးသဖြင့် သက်ဆိုင်ရာနယ်မြေအသီးသီးတွင် လူပျောက်ဆုံး နေမှုများရှိပါက သတင်းပေးပို့ပေးနိုင်ပါရန်နှင့် သေဆုံးသူမှာ မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်အကြောင်း ကြားပေးနိုင်ပါရန် ဖော်ပြအပ်ပါသည် -

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ကွပ်ကဲဌာန - ၀၁၂၃၀၀၇၄၇
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဌာန - ၀၁၂၁၇၅၂၉
အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ တာဝန်မှူး - ၀၁၃၇၆၁၆၆
ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှူး - ၀၁၅၃၆၈၉၅၊ ၀၉၄၂၀၁၇၉၀၀၁
ကမာရွတ်မြို့မရဲစခန်းမှူး - ၀၁၅၃၄၃၀၄ ၊ ၀၉၂၅၃၃၉၂၅၅၉၊ ၀၉၂၁၆၅၅၁၈

Yangon Police
https://www.facebook.com/yangonpolice


ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှု  ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှု Reviewed by သစ်ထူးလွင် on 18:51 Rating: 5
Powered by Blogger.