ဆောမြို့နယ်တွင် ယာဉ်နှစ်စီးကြိုးဖြင့်ဆွဲ၍ စက်နှိုးစဉ် ဂျမ်းတုံးခုသူအမျိုးသား သေဆုံးမှုဖြစ်ပွား


ဆော မေ ၂

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆော မြို့နယ် ပေါက်-ကျောက်ထုကားလမ်း မိုင်တိုင် အမှတ် (၇၆/၇) နှင့် (၇၇/ဝ)အကြားတွင် မေ ၁ ရက် နံနက် ၁၁ နာရီက ယာဉ်နှစ်စီးကြိုးဖြင့်ဆွဲ၍ စက်နှိုးစဉ် ဂျမ်းတုံးခုသူ အမျိုးသားတစ်ဦး ယာဉ်ဆင့်တုံးဖျားနှင့်ရိုက်မိခဲ့သဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ စိန်ထွန်း အသက်(၄၃)နှစ် ပန်းဆန်ရွာ ဆောမြို့နယ်နေသူ မောင်းနှင်သောGMC အစိမ်းရောင် ခြောက်ဘီးယာဉ်သည်ကား စက်နှိုး၍မရသဖြင့် ယာဉ်မောင်း ဥာဏ်မင်း အသက်(၃၁)နှစ် တေးရွာ ဆောမြို့နယ်နေသူ မောင်းနှင်သော FAW အဝါရောင် ခြောက်ဘီး ယာဉ်က ကြိုးဖြင့်ဆွဲ၍နှိုးစဉ် ဥာဏ်မင်း၏ ယာဉ် ပေါ် တွင်လိုက်ပါလာသူ မြင့်ထွန်း အသက်(၃၅)နှစ် ဂုံဘိုရပ်ကွက် ကျောက်ထုမြို့နယ်သူမှ ယာဉ်နှစ်စီး နောက်ပိုင်းချင်းတိုက်မိမည် စိုးသော ကြောင့် GMC ယာဉ်အား ဂျမ်းတုံးခုခဲ့ရာတွင် ကား၏ ဘယ်ဘက်ခြမ်းဆင့်တုံးအဖျားနှင့် မြင့်ထွန်း၏ နောက်စေ့ရိုက်မိခဲ့သောကြောင့် မြင့်ထွန်းတွင် ဦးခေါင်းနောက်စေ့ကြေမွဒဏ်ရာ၊ ဝဲနားထင် လက်မဝက်ခန့် ပေါက်ပြဲဒဏ်ရာနှင့် အခင်းဖြစ် နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်ရဲအရာရှိ၏ပြောကြားချက်အရ သိရ သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဆောမြို့နယ် ကျောက်ထုနယ်မြေရဲစခန်းက ယာဉ်မောင်း စိန်ထွန်းနှင့် ဥာဏ်မင်းတို့ နှစ်ဦးအား အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

(ကျော်ဇေယျ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဆောမြို့နယ်တွင် ယာဉ်နှစ်စီးကြိုးဖြင့်ဆွဲ၍ စက်နှိုးစဉ် ဂျမ်းတုံးခုသူအမျိုးသား သေဆုံးမှုဖြစ်ပွား  ဆောမြို့နယ်တွင် ယာဉ်နှစ်စီးကြိုးဖြင့်ဆွဲ၍ စက်နှိုးစဉ် ဂျမ်းတုံးခုသူအမျိုးသား သေဆုံးမှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 06:00 Rating: 5
Powered by Blogger.