သုံးခွမြို့တွင် ဘောက်ဆာယာဉ်တိုက်မိသဖြင့် ကလေးတစ်ဦးသေဆုံး


ရန်ကုန် မေ ၁ဝ

 ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့ တွင် မေ ၉ရက် ညနေ ၅နာရီခန့်က ဘောက်ဆာယာဉ်တိုက်မိ၍ ကလေး ငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း အောင် လင်းထွေး (၂၄)နှစ် (၉)ရပ်ကွက် သုံးခွမြို့နေသူ မောင်းနှင်သော ခေါင်းပြာ၊ ကိုယ်ထည် အဖြူရောင် ဘောက်ဆာယာဉ်သည် အမှတ်(၂) ရပ်ကွက် မြနန္ဒာလမ်းအတိုင်း တောင် မှ မြောက်သို့ မောင်းနှင်လာရာ အောင်မြေလောကကျောင်းတိုက် မုခ်ဦးအနီးအရောက်တွင် လမ်း၏ ယာဘက်မှ ဝဲဘက်သို့ လမ်းဖြတ်ကူးသူ မောင်ကောင်းထက် (၆)နှစ် (၂)ရပ်ကွက် သုံးခွမြို့နေသူအား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိသဖြင့် မောင်ကောင်းထက်တွင် ဒဏ်ရာများ ရရှိကာ သုံးခွဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ် မောင်းအောင်လင်းထွေးအား သုံးခွ မြို့မရဲစခန်းက အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

ကိုကျော်(သုံးခွ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
သုံးခွမြို့တွင် ဘောက်ဆာယာဉ်တိုက်မိသဖြင့် ကလေးတစ်ဦးသေဆုံး  သုံးခွမြို့တွင် ဘောက်ဆာယာဉ်တိုက်မိသဖြင့် ကလေးတစ်ဦးသေဆုံး Reviewed by သစ်ထူးလွင် on 08:01 Rating: 5
Powered by Blogger.