ဗြိတိန်ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီ အနိုင်ရနိုင်

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်နဲ့ ဇနီး Samantha (Credit: AFP) 
 ဗြိတိန်နိုင်ငံမှာ ​ကျင်းပခဲ့တဲ့ ​ရွေးကောက်ပွဲမှာ ​ဘယ်ပါတီမှ ​အပြတ်အသတ် ​အနိုင်မရပဲ ​တခြားပါတီနဲ့ ​ပေါင်းပြီး ​ညွှန့်ပေါင်းအစိုးရ ​ဖွဲ့ရလိမ့်မယ်လို့ ​ခန့်မှန်းခဲ့ကြပေမယ့် ​အခုအခါမှာ ​ကွန်ဆာဗေးတစ်ပါတီ ​အနိုင်ရနိုင်တဲ့ ​အခြေအနေ ​ဖြစ်လာပါတယ်။

အခုဆိုရင် ​မဲတွေ ​ရေတွက်နေဆဲ ​ဖြစ်ပြီး ​မဲထည့်ခဲ့တဲ့ ​လူတွေကို ​မေးကြည့်ပြီး ​အားလုံးကို ​ပြန်သုံးသပ်လိုက်ရာမှာတော့ ​ကွန်ဆာဗေးတစ်ပါတီကပဲ ​ပြန်လည်အနိုင်ရမယ့် ​အနေအထား ​ပြသနေပါတယ်။

မဲမပေးပဲ ​နေဖို့ ​ကြိုးစားခဲ့ပေမယ့် ​ပါတီတစ်ခုခုက ​အသာမရပဲ ​ညွှန့်ပေါင်းအစိုးရ ​ဖွဲ့ရမှာကို ​စိုးရိမ်တဲ့အတွက်  ​မဲပေးခဲ့ကြတာလို့ ​တချို့က ​ပြောလာကြပါတယ်။

ညွန့်ပေါင်း ​အစိုးရဆိုရင် ​ဘာပဲ ​လုပ်လုပ် ​ပါတီတခုနဲ့ ​တခုအကြား ​ညှိနှိုင်းဆွေးနွေးမှုတွေ ​လုပ်ရမှာ ​ဖြစ်တဲ့အတွက် ​ဆုံးဖြတ်ချက်တွေ ​အကောင်အထည် ​ဖော်မှု ​နောက်ကျမှာကို ​စိုးရိမ်တယ်လို့ ​တချို့က ​ပြောပါတယ်။

လက်ရှိ ​အာဏာရ ​ကွန်ဆာဗေးတစ် ​ပါတီအနေနဲ့ ​အမတ်နေရာ ​၃၂၆ ​ခု ​ရမှသာ ​အစိုးရ ​ဖွဲ့နိုင်မှာ ​ဖြစ်ပါတယ်။

အဓိက ​အတိုက်အခံပါတီကတော့ ​လေဘာပါတီ ​ဖြစ်ပေမယ့် ​အခုဆိုရင် ​ပါတီငယ်လေးတွေလည်း ​နေရာရလာဖို့ ​ရှိပြီး ​အထူးသဖြင့် ​Scottish ​National ​ပါတီက ​စကော့တလန်နိုင်ငံက ​မဲဆန္ဒနယ် ​အားလုံးမှာ ​အနိုင်ရလိမ့်မယ်လို့ ​ခန့်မှန်းနေကြပါတယ်။

Exit ​poll ​လို့ခေါ်တဲ့ ​မဲပေးပြီးနောက်ပိုင်း ​ကောက်ခံတဲ့ ​စစ်တမ်းတွေမှာ ​လက်ရှိပါတီက ​အနိုင်ရတယ်လို့ ​ပြသထားပေမယ့် ​တကယ့်ရလဒ်ကိုတော့ ​မကြာခင်မှာ ​သိရမှာ ​ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ ​မဲပေးပိုင်ခွင့်ရှိသူ ​လူပေါင်း ​၄၈ ​သန်းရှိပြီး ​လွှတ်တော်အမတ် ​၆၅၀ ​ကို ​ရွေးချယ်တင်မြောက်နေကြတာ ​ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ ​တလွှားမှာ ​မဲရုံပေါင်း ​၄၃၀၀၀ ​ရှိပြီး ​မဲဆန္ဒနယ် ​အခု ​၆၀၀ ​ရှိကြောင်းလည်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဗြိတိန်ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီ အနိုင်ရနိုင်  ဗြိတိန်ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီ အနိုင်ရနိုင် Reviewed by သစ်ထူးလွင် on 11:10 Rating: 5
Powered by Blogger.