အာဖရိကတွင် အမျိုးသား ၁ ဦးကို အမျိုးသမီး ၃ ဦး မုဒိန်းကျင့်


 တောင်အာဖရိကနိုင်ငံမှာ အသက် ၃၃ နှစ် အမျိုးသားတဦးရဲ့ သုတ်ပိုးကို လိုချင်တဲ့ အတွက် ဖမ်းဆီးပြီး အမျိုးသမီး ၃ ဦးက မုဒိန်းကျင့်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ပေါ့အဲလိဇဘက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ကားမောင်းလာတဲ့ အမျိုးသမီးက အမျိုးသားကို လမ်းမေးခဲ့တယ်လို့ အိုင်ဗွီအမ် လိုက်ဖ် သတင်းမှာ ရေးပါတယ်။

လမ်းကြောင်းပြောပြပြီးတဲ့ နောက်မှာ အမျိုးသားကို သေနတ်ပြပြီး တခြား အမျိုးသမီး ၂ ဦးနဲ့ အတူ ကားနောက်ခန်းမှာ ထိုင်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် အမျိုးသမီးတွေက ဆေးရည်တမျိုးတိုက်ကြွေးပြီး စိတ်ကြွအောင် လုပ်ဆောင်ပြီး အမျိုးသမီး ၃ ဦး မုဒိန်းကျင့် တယ်လို့ သတင်းမှာဖော်ပြပါတယ်။ ဒီနောက် သုတ်ပိုးကို ရယူခဲ့တယ်လို့ အမျိုးသားက ပြောတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဒါဟာ အူကြောင်ကြောင် ဖြစ်ရပ်တခု ဖြစ်ပေမယ့် အမျိုးသားတွေ အမျိုးသမီးတွေရဲ့ မုဒိန်းကျင့် တာကိုခံရတယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
အာဖရိကတွင် အမျိုးသား ၁ ဦးကို အမျိုးသမီး ၃ ဦး မုဒိန်းကျင့်  အာဖရိကတွင် အမျိုးသား ၁ ဦးကို အမျိုးသမီး ၃ ဦး မုဒိန်းကျင့် Reviewed by သစ်ထူးလွင် on 18:26 Rating: 5
Powered by Blogger.