အိန္ဒိယနိုင်ငံမြောက်ပိုင်း တွင် ဆင်နှာမောင်းကဲ့သို့ အသားပို ပါရှိသည့် မိန်းကလေးတစ်ဦး မွေးဖွား


မွမ်ဘိုင်း ၊ ၁-၄-၂၀၁၅

အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ကျေးရွာ တစ်ရွာတွင် ဆင်နှာမောင်း ကဲ့သို့သော အသားပို ပါရှိသည့် မိန်းကလေးငယ် တစ်ဦးကို လွန်ခဲ့သည့် သီတင်းပတ် အတွင်းက မွေးဖွား ခဲ့ကြောင်း သိရသည်။

အမည် ပေးထားခြင်း မရှိသေးသည့် အဆိုပါ ကလေးငယ်ကို အွတ်တာပရာဒက်ရှ် ပြည်နယ်ရှိ အလီဂါ ကျေးရွာတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သူမ၏ ထူးခြားသည့် သွင်ပြင် လက္ခဏာ ကြောင့် ဒေသတွင်းရှိ ပြည်သူများ ၏ စိတ်ဝင်စားမှုကို ခံရလျက် ရှိသည်ဟု ဗြိတိန်နိုင်ငံထုတ် သတင်းစာကြီး တစ်စောင်တွင် မတ် ၃ဝ ရက်က ဖော်ပြခဲ့သည်။

ယခုအခါ ဒေသခံများက အဆိုပါ ကလေးငယ်ကို နတ်ဘုရား တစ်ပါး ဝင်စားသည်ဟု ယုံကြည်လျက် ရှိပြီး အလှူပေးခြင်း များကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ သူမ၏ ဖခင်နှင့် မိခင်မှာ ရမ်ဘာဘူဆာဗက်ရှ် နှင့် ဘန်နာဒေဝီ တို့ဖြစ်သည်။

ဝင်ငွေ နည်းပါးလှသည့် ဖခင်ဖြစ်သူ ဆာဗက်ရှ်မှာ သားသမီး သုံးဦးကို မွေးဖွားထားပြီး ယခု မွေးဖွားခဲ့သော ၄င်း၏ သမီးငယ်မှာ မိသားစုကို ကံကောင်းခြင်းများ သယ်ဆောင် လာမည်ဟု မျှော်လင့်လျက် ရှိကြောင်း ၄င်းက ANI သတင်းဌာနသို့ ပြောကြား ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
အိန္ဒိယနိုင်ငံမြောက်ပိုင်း တွင် ဆင်နှာမောင်းကဲ့သို့ အသားပို ပါရှိသည့် မိန်းကလေးတစ်ဦး မွေးဖွား  အိန္ဒိယနိုင်ငံမြောက်ပိုင်း တွင် ဆင်နှာမောင်းကဲ့သို့ အသားပို ပါရှိသည့် မိန်းကလေးတစ်ဦး မွေးဖွား Reviewed by သစ်ထူးလွင် on 09:27 Rating: 5
Powered by Blogger.