သြစီ၂ဦး ကွပ်မြက်ခံရပြီးနောက် အင်ဒိုရောက် သံအမတ်ကို ပြန်ခေါ်

ဒီမနက် အစောပိုင်းမှာပဲ ကွပ်မြက်ခံရတဲ့ သြစတြေးလျနိုင်ငံသား Andrew Chan နဲ့ Myuran Sukumaran (Credit: AAP) 
 သြစတြေးလျနိုင်ငံသား ​Andrew ​Chan ​နဲ့ ​Myuran ​Sukumaran ​တို့ကို ​အင်ဒိုနီးရှားက ​ကွပ်မြက်လိုက်တာကို ​သြစတြေးလျက ​ကန့်ကွက်တဲ့အနေနဲ့ ​သြစတြေးလျ ​အစိုးရက ​သံအမတ်ကို ​ပြန်လာဖို့ ​ညွန်ကြားလိုက်ပြီ ​ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံသား ​နှစ်ဦးနဲ့အတူ ​တခြား ​လူ ​၆ ​ယောက်လည်း ​မူးယစ်ဆေးဝါး ​ကုန်ကူးမှုနဲ့ ​ကွပ်မြက်ခံခဲ့ရတာပါ။

ဒီမနက် ​အစောပိုင်းမှာပဲ ​အသက် ​၃၁ ​နှစ်အရွယ် ​Andrew ​Chan ​နဲ့ ​အသက် ​၃၄ ​နှစ်အရွယ် ​Myuran ​Sukumaran ​တို့ ​ပစ်သတ်ခံခဲ့ရတာပါ။

အင်ဒိုနီးရှားနိုင်ငံကနေ ​သြစတြေးလျနိုင်ငံကို ​မူးယစ်ဆေးဝါး ​၈ ​ကီလို ​တင်သွင်းဖို့ ​ကြိုးစားတုန်း ​ဖမ်းဆီးခံခဲ့ရတာ ​ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံသား ​နှစ်ဦး ​ကွပ်မြက်ခံရတဲ့ ​သတင်းနဲ့ ​ပတ်သက်ပြီး ​သြစတြေးလျနိုင်ငံသားတွေအကြား ​အမြင် ​အမျိုးမျိုး ​ထွက်ပေါ်နေပါတယ်။

တချို့ကလည်း ​မူးယစ်ကြောင့် ​လူတွေ ​အများကြီး ​သေဆုံးရတဲ့အတွက် ​ဒီနှစ်ယောက်ကို ​သေဒဏ် ​ပေးသင့်တယ်လို့ ​ယူဆကြပါတယ်။

တချို့ကတော့ ​သေဒဏ်ပေးရုံနဲ့ ​မူးယစ်ဆေးဝါး ​ကုန်ကူးမှု ​တိုက်ဖျက်ရေးကို ​မစွမ်းဆောင်နိုင်ဘူးလို့ ​ပြောပါတယ်။

တချို့ကလည်း ​အဲဒီ ​လူတွေဟာ ​အကျဉ်းထောင်မှာ ​၁၀ ​နှစ်ကြာ ​နေထိုင်လာခဲ့ပြီး ​နောင်တရလို့ ​လူကောင်း ​ပြန်ဖြစ်လာချိန်မှာ ​သေဒဏ် ​မပေးသင့်တော့ဘူးလို့ ​အမျိုးမျိုး ​ပြောဆိုကြပါတယ်။

သြစတြေးလျနိုင်ငံသား ​နှစ်ဦးရဲ့ ​အလောင်းကို ​အင်ဒိုနီးရှားက ​သြစတြေးလျ ​အာဏာပိုင်တွေရဲ့ ​လက်ထဲကို ​လွဲအပ်လိုက်ပြီး ​သြစတြေးလျကို ​ပြန်သယ်လာပြီး ​မြေမြုပ် ​သဂြိုလ်ဖို့ ​ရှိပါတယ်။

ကွပ်မြက်ခံရမယ့် ​စာရင်းမှာ ​လူ ​၉ ​ဦး ​ပါဝင်ခဲ့ပေမယ့် ​ဖိလစ်ပိုင်နိုင်ငံသူ ​တစ်ဦးကိုတော့ ​အင်ဒိုနီးရှားက ​အသက်ချမ်းသာခွင့် ​ပေးလိုက်ပါတယ်။

လောလောဆယ် ​ကွပ်မြက်ခံရမယ့် ​လူတွေရဲ့ ​စာရင်းထဲက ​လွတ်မြောက်သွားတဲ့ ​ဖိလစ်ပိုင် ​အမျိုးသမီးရဲ့ ​မိသားစုကတော့ ​ဒါဟာ ​ဘုန်းအာဏုဘော် ​ပြသမှုပဲ ​ဖြစ်တယ်လို့ ​ပြောဆိုကြပါတယ်။

ကွပ်မြက်ခံရသူထဲမှာ ​ပြင်သစ်နိုင်ငံသားလည်း ​ပါဝင်ပြီး ​ပြင်သစ်အစိုးရကလည်း ​သူ့နိုင်ငံသားကို ​ကွပ်မြက်ရင် ​အင်ဒိုနီးရှားနဲ့ ​သံတမန် ​ဆက်ဆံရေး ​ထိခိုက်နိုင်တယ်လို့ ​သတိပေးထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
သြစီ၂ဦး ကွပ်မြက်ခံရပြီးနောက် အင်ဒိုရောက် သံအမတ်ကို ပြန်ခေါ်  သြစီ၂ဦး ကွပ်မြက်ခံရပြီးနောက် အင်ဒိုရောက် သံအမတ်ကို ပြန်ခေါ် Reviewed by သစ်ထူးလွင် on 10:48 Rating: 5
Powered by Blogger.