သာယာဝတီထောင်က ကျောင်း သူကျောင်းသား ၇၀ကို ရုံးထုတ် စစ်ဆေး

 သပိတ်မှောက်ကျောင်းသူ ဗကသအတွင်းရေးမှူး မဖြိုးဖြိုးအောင်နဲ့ မအိသဉ္ဇာမောင် တို့ကို ဧပြီလ ၇ ရက်နေ့က လက်ပံတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်လာစဉ်။ Photo: Kyaw Zaw Win/RFA

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံ ထားရတဲ့ လက်ပံတန်းကျောင်းသားသပိတ် စစ်ကြောင်း က ကျောင်းသူ ကျောင်းသား ၇၀ ကို ဒီကနေ့ သာယာ ၀တီ တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ ပါတယ်။

ရုံးထုတ်ရာမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲက အဝေးသင်တက္ကသိုလ် ကျောင်းသူကျောင်းသားတွေနဲ့ အသက်မပြည့်သေးတဲ့ကျောင်းသား စုစုပေါင်း ၁၆ ဦးအတွက် အာမခံလျှောက်ထားခဲ့တယ်လို့ ကျောင်း သူ ကျောင်းသားတွေရဲ့ ရှေ့နေတစ်ဦးဖြစ်သူ ဦးသိန်းသန်းဦးက ပြောပါတယ်။

"လောလောဆယ်တင်ထားတာ ကျောင်းသား ၁၃ ယောက်နဲ့ အသက်မပြည့်သေးတာက ၃ ယောက်ပေါ့နော် ကျနော်တို့ အာမခံလျှောက် ထားပါတယ်၊ မေလ ၁၂ ရက်နေ့မှာ ထပ်တင်ပြမှာဖြစ်ပါတယ်၊ ကြားထဲမှာ တင်လို့ရတယ်ဆိုပေမဲ့ ဒီနေ့က သူတို့တရားခံပြေးအမှုတွေကို စစ်ပါတယ်၊ နောက်မေလ ၂၁ ရက်နေ့ မှာ ပြန်စစ်မှာဖြစ်ပါတယ်၊ အဲနေ့မှာကျနော်တို့ တရားဝင်တင်ရမှာပါ"

လက်ပံတန်းတရားရုံးကနေ ဒီနေ့ သာယာဝတီတရားရုံးကို ပထမဆုံး စတင်ရုံးပြောင်း စစ်ဆေးခဲ့တာပါ။

အမျိုးသားပညာရေးဥပဒေ သပိတ်မှောက် ကျောင်းသားကျောင်းသူတွေကို ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့ကအကြမ်းဖက်ဖြိုခွဲခဲ့ပြီး ကျောင်းသားကျောင်းသူတွေနဲ့ အားပေးကူညီသူတွေကို သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
သာယာဝတီထောင်က ကျောင်း သူကျောင်းသား ၇၀ကို ရုံးထုတ် စစ်ဆေး  သာယာဝတီထောင်က ကျောင်း သူကျောင်းသား ၇၀ကို ရုံးထုတ် စစ်ဆေး Reviewed by သစ်ထူးလွင် on 22:25 Rating: 5
Powered by Blogger.