အသုဘနေအိမ်၌ ကျွေးမွေးသော ထမင်းဟင်းစားမိ၍ လူ ၁၀၀ ကျော် အစာအဆိပ်သင့်ပြီး ဖြူးနှင့် ကညွတ်ကွင်း ဆေးရုံသို့ရောက်ရှိ


ဖြူး ဧပြီ ၂၉

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းနယ်မြေ ရဲစခန်းအပိုင် အနောက်ဘက်ငါးမိုင်ခန့်ကွာဝေးသော ရှမ်းမင်းလမ်းကူးကျေးရွာအုပ်စု ရွာကန့်လန့်ကျေးရွာတွင် ဧပြီ ၂၉ ရက် နံနက်ပိုင်းက ရွာကန့်လန့်ရွာနေ ဦးသိန်းဝင်း သေဆုံးသဖြင့် ဇနီးဖြစ်သူ ဒေါ်လှမြင့် (၅၂နှစ်) နေအိမ်၌ မိရိုး ဖလာအတိုင်း အသုဘချရန် ပတ်ဝန်းကျင်ရှိရွာများသို့ ဖိတ်ကြား၍ ရွာ၏ ထုံးတမ်းစဉ်လာအတိုင်း ဖိတ်ကြား ကျွေးမွေးဧည့်ခံရန် ဝက်သားဟင်း၊ သရက်ချဉ်သုပ်၊ မှိုခြောက် ပန်းခြောက် ကြာဆံဟင်းချို၊ ငါးခြောက်ကြော်တို့ဖြင့် ဧည့်ခံကျွေးမွေးသည်။

ထိုသို့ကျွေးမွေးရာတွင် အသုဘသို့ လာရောက်ကူညီစားသောက်မိကြသော ရှမ်းမင်းလမ်းကူးဘုန်းတော်ကြီး ကျောင်းမှ သံဃာတော်လေးပါးနှင့် ကိုရင်ခြောက်ပါးအပါအဝင် နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီခွဲအထိ ဖြူးဆေးရုံသို့ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၄၄ ဦးခန့်၊ ညောင်ပင်သာ တိုက်နယ်ဆေးရုံသို့ ၁၃ ဦး၊ ကညွတ်ကွင်းမြို့ဆေးရုံသို့ ၄၂ ဦး အစာအဆိပ်သင့်မှုကြောင့် အရေးပေါ်ကားများဖြင့် လာရောက်ကုသမှု ခံယူခဲ့ကြသည်။

အစာအဆိပ်သင့်မှုကြောင့် ဧပြီ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲအထိ အသေအပျောက်မရှိကြောင်း သိရသည်။

(ဖြူး-မြင့်ဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

အသုဘနေအိမ်၌ ကျွေးမွေးသော ထမင်းဟင်းစားမိ၍ လူ ၁၀၀ ကျော် အစာအဆိပ်သင့်ပြီး ဖြူးနှင့် ကညွတ်ကွင်း ဆေးရုံသို့ရောက်ရှိ  အသုဘနေအိမ်၌ ကျွေးမွေးသော ထမင်းဟင်းစားမိ၍ လူ ၁၀၀ ကျော် အစာအဆိပ်သင့်ပြီး ဖြူးနှင့် ကညွတ်ကွင်း ဆေးရုံသို့ရောက်ရှိ Reviewed by သစ်ထူးလွင် on 06:10 Rating: 5
Powered by Blogger.