နီပေါငလျင် အပျက်အစီးများအကြား နာရီပေါင်း ၈၀ ကြာ ပိတ်မိနေသူကို ပြင်သစ် ကယ်ဆယ်ရေးအဖွဲ့က ပြန်လည် ကယ်ဆယ်နိုင်ခဲ့


ခတ္တမန္ဒူ ၊ ၃၀-၄-၂၀၁၅

နီပေါနိုင်ငံတွင် အင်အားပြင်း ငလျင်လှုပ်ခတ် ပြီးနောက် အပျက်အစီး များအကြား နာရီပေါင်း ၈ဝ ကြာ ပိတ်မိနေခဲ့သည့် အမျိုးသား တစ်ဦးကို ပြင်သစ် ကယ်ဆယ်ရေး အဖွဲ့က အောင်မြင်စွာ ကယ်ဆယ် နိုင်ခဲ့ကြောင်း သိရသည်။

ရီရှီခါနာ အမည်ရှိ အမျိုးသား သည် ခတ္တမန္ဒူ မြို့တော်မှ မိုင် ၅ဝ အကွာတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြို့တော် အပြင်ဘက်ရှိ အပျက်အစီးများ အောက်၌ ပိတ်မိ နေခဲ့ခြင်း ဖြစ်ပြီး ၄င်းကို ပြင်သစ် ကယ်ဆယ်ရေး အဖွဲ့က ၁ဝ နာရီကြာ တူးဖော်ခဲ့ရပြီး နောက်ဧပြီ ၂၈ ရက်က ပြန်လည် ကယ်ဆယ် နိုင်ခဲ့ခြင်း ဖြစ်သည်။

နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ငလျင်လှုပ်ခတ်မှု အတွင်း သေဆုံးခဲ့သူ ဦးရေမှာ ယခုအခါ ၅ဝဝဝ ကျော်အထိ မြင့်တက် လာခဲ့ပြီး အပျက်အစီးများ ကြားတွင် လူရာပေါင်း များစွာ ပိတ်မိနိုင်ဖွယ် ရှိနေသေးကြောင်း ကယ်ဆယ်ရေး လုပ်ငန်း များကို လုပ်ဆောင်လျက် ရှိသည့် နိုင်ငံတကာ အဖွဲ့အစည်း များက ခန့်မှန်းထားသည်။

အလားတူ နိုင်ငံအတွင်းရှိ ပြည်သူ ၁ ဒသမ ၄ သန်းခန့်မှာ ယခုအခါ အရေးပေါ် အစားအစာ အကူအညီများ လိုအပ်လျက် ရှိကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ (WFP) က ပြောကြား ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
နီပေါငလျင် အပျက်အစီးများအကြား နာရီပေါင်း ၈၀ ကြာ ပိတ်မိနေသူကို ပြင်သစ် ကယ်ဆယ်ရေးအဖွဲ့က ပြန်လည် ကယ်ဆယ်နိုင်ခဲ့  နီပေါငလျင် အပျက်အစီးများအကြား နာရီပေါင်း ၈၀ ကြာ ပိတ်မိနေသူကို ပြင်သစ် ကယ်ဆယ်ရေးအဖွဲ့က ပြန်လည် ကယ်ဆယ်နိုင်ခဲ့ Reviewed by သစ်ထူးလွင် on 12:19 Rating: 5
Powered by Blogger.