ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသားများ ခိုးဝင်မှုရှိနေဆဲ

Photo: ကန်ချနပူရီ တွင်ထိုင်းရဲများဖမ်းမိသော မြန်မာနိုင်ငံသားများ
 ဧပြီလ ၂၉ ရက် ၂၀၁၅

ထိုင်းနိုင်ငံတောင်ပိုင်း ကန်ချနပူရီခရိုင် ဘန့်ကောဝ်အုပ်စုအနီးတွင် ထိုင်းနိုင်ငံသို့ ခိုးဝင်သည့် မြန်မာနိုင်ငံသား ၃၀ ခန့်အား ထိုင်းရဲများက ယနေ့ဖမ်းဆီးလိုက်သည်။

ဧပြီလ ၂၉ ရက် နံနက် ၅ နာရီက ကန်ချနပူရီ မြို့တွင်းမြို့နယ်ဖြစ်သည့် ဘန့်ကောဝ်ရွာ အနီးတွင် လူအပြည့်တင်ဆောင်သော Isuzu Mu-7 ဗင်ကားတစီးအား မသင်္ကာသဖြင့် လုံခြုံရေးထိုင်းရဲ များတားမြစ်စစ်ဆေးစဉ် အဆိုပါကားမှာ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း၊ ထိုင်းရဲများ ဆက်လိုက် ရာ မြန်မာနိုင်ငံသား ၂၆ ဦးတင်ဆောင်လာသည့်အဆိုပါကားအား ဖမ်းဆီးခဲ့ကြောင်း Sanook.com ထိုင်းသတင်းတွင်ဖော်ပြထားသည်။

ယာဉ်မောင်းမှာ နိုင်းဆွမ်ခုန်း အသက် ၄၂ နှစ်ဆိုသူဖြစ်ပြီး မြန်မာနိုင်ငံသား အမျိုးသမီး ၉ ဦး အမျိုးသား ၁၇ ဦး ကို တင်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။

ရဲများဖမ်းဆီးစစ်ဆေးစဉ်ယာဉ်မောင်းမှာ - အဆိုပါ မြန်မာနိုင်ငံသား အလုပ် သမား များအား ကန်ချနပူရီ ထာ့မကာမြို့နယ်အတွင်း ပို့ဆောင်ပေးရန် ဘတ်ငွေ ၅၀၀ ဖြင့်အငှားလိုက်လာခြင်း ဖြစ်ကြောင်း ထွက်ဆိုသည် ဟုဆိုပါသည်။

ယခုအခါ အဆိုပါ Isuzu ကားအား ထိုင်းရဲများကပြည်သူပိုင် အဖြစ်သိမ်း ဆည်းလိုက်ပြီး ယာဉ်မောင်းကိုလည်း ဖမ်းဆီးအရေးယူထားကြောင်းဖော်ပြ ထားသည်။

ထိုင်း- သျှမ်းနယ်စပ်တလျှောက်တွင်လည်း သျှမ်းပြည်နယ်မှ ထိုင်းနိုင်ငံ အတွင်း သို့ တရားမဝင် နည်းဖြင့် ဝင်ရောက်သူများ နေ့စဉ်နှင့်အမျှ ရှိနေဆဲဖြစ်ကြောင်း ချင်းမိုင်ခရိုင် ဖှန်မြို့နယ်တွင် ဒုက္ခသည်များ အရေး ရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူ စိုင်းယ ကပြောပါသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသားများ ခိုးဝင်မှုရှိနေဆဲ  ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသားများ ခိုးဝင်မှုရှိနေဆဲ Reviewed by သစ်ထူးလွင် on 06:12 Rating: 5
Powered by Blogger.