ဆယ်ကျော်သက် ယောက်ျားလေးတဦး ၅ ရက်ကြာမှ ကယ်တင်တွေ့ရှိ


လူပေါင်း ၅ ထောင်ကျော် သေဆုံးခဲ့တဲ့ နီပေါ ငလျင်ကြီး လှုပ်ခတ်အပြီး ၅ ရက်အကြာမှာ အဆောက်အဦး ပျက်တွေကြားမှာ အသက်ရှင်နေတဲ့ ဆယ်ကျော်သက် ယောက်ျားလေး တစ်ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။

ဒီလူငယ်ကို ခတ္တမန္ဒူ မြို့ရဲ့ အဆောက်အဦးပျက်တွေကြားက ကယ်ဆယ်ရေး ၀န်ထမ်းတွေက တွေ့ရှိခဲ့တာ ဖြစ်ပြီး ကွင်းပြင်မှာ ဖွင့်လှစ်ထားတဲ့ ဆေးရုံရှိရာကို ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။

အခုလောလောဆယ်မှာ ရာသီဥတု ဆိုးရွားနေတာကြောင့် ဝေးလံခေါင်သီတဲ့ ရွာတွေရှိရာကို ကယ်ဆယ်ရေးအကူညီတွေ သွားရောက်ဖို့ နှောင့်နှေးနေတယ်လို့ နီပေါအစိုးရ ပြောခွင့်ရသူ တဦးက ပြောပါတယ်။

ငလျင် ဒဏ်ခံရသူတွေအပေါ်  နီပေါအစိုးရရဲ့တုန့်ပြန်မှုကို အဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

ငလျင်လှုပ်မှုကြောင့် မြေပြိုကျကာ တောင်ပေါ်လမ်းတွေ ပိတ်ဆို့နေတဲ့အတွက် ခတ္တမန္ဒူမြို့ ပြင်ဘက်ရှိ ဒေသတွေကို ကယ်ဆယ်ရေး အထောက်အပံ့တွေ ရောက်ရှိဖို့ဟာ ရဟတ်ယာဉ်တွေကိုသာ အားထားနေရတာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေပါဝင်တဲ့ ရဟတ်ယာဉ်တွေဟာ အဆင်သင့်ဖြစ်နေပေမယ့် အခုအခါမှာ မိုးရွာနေတာကြောင့် စောင့်ဆိုင်းနေရတယ်လို့ နီပေါ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောဆိုပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဆယ်ကျော်သက် ယောက်ျားလေးတဦး ၅ ရက်ကြာမှ ကယ်တင်တွေ့ရှိ  ဆယ်ကျော်သက် ယောက်ျားလေးတဦး ၅ ရက်ကြာမှ ကယ်တင်တွေ့ရှိ Reviewed by သစ်ထူးလွင် on 19:27 Rating: 5
Powered by Blogger.