ယူနန်ပြည်နယ်တွင် " မြန်မာမတွေကို ယွမ် ၂၀၀၀၀ (ဒေါ်လာ ၃၂၀၀) နဲ့ ရနိုင်ပါတယ် ” ဟု ကြေငှာထားမှုများ ရှိနေ


မြန်မာမိန်းကလေးငယ်များအား အိမ်ထောင်မရှိသူ သက်ကြီး တရုတ်အမျိုးသား များထံ ဇနီးမယား အဖြစ် ရောင်း ချနေသည့် ဒုစရိုက်ဂိုဏ်း တစ်ခုကို တ ရုတ်အာဏာပိုင်များက ဖြိုခွင်းနိုင်ခဲ့ ကြောင်း တရုတ်ဘာသာဖြင့် ထုတ်ဝေ သည့် ဝန့်နေ့စဉ် သတင်းစာတွင်ဖော် ပြသည်။

ယူနန်အာဏာပိုင်များသည် ထိုလူကုန်ကူးဂိုဏ်းကြောင့် ၂၀၁၄ ဩဂုတ် ကတည်းက သတိပြုမိခဲ့ခြင်းဖြစ် သည်။ ထိုဂိုဏ်းမှ ခေါင်းဆောင်နှစ်ဦး ဖြစ် သည့် တန်နှင့် ယန်တို့အပါအဝင် သံသယရှိသူ ၃၇ ဦးကို ဖမ်းဆီးထား သည် ဟု ယူနန်အာဏာပိုင်များက ပြောကြားခဲ့ဆိုသည်။

အဆိုပါဂိုဏ်းက ဟီနန်၊ ရှန်ဒေါင်နှင့် အန်ဟိုင်ဒေသများရှိ တရုတ်အမျိုးသား များထံ မိန်းကလေးများ ရောင်းချခဲ့သည်ဟုဆိုသည်။ ဝယ်ယူသူများအား ဆွဲဆောင်ရန် ၎င်းတို့ တင်ထားသည့် ဝက်ဘ်ဆိုက်နှင့် “တရုတ်ဇနီး မယားတွေ က ခင်ဗျားတို့ကို လိမ်လည်ဖောက်ပြန်နေချိန်မှာ မြန်မာမတွေကို ယွမ် ၂၀၀၀၀ (ဒေါ်လာ ၃၂၀၀) နဲ့ ရနိုင်ပါတယ်” ဟု ရေးသား ထားသည်။

ဖမ်းဆီးထားသည့် သံသယရှိသူ တစ်ဦးက မြန်မာမိန်းကလေး ၅၀ ကျော်ကို တရုတ်နိုင်ငံအတွင်း လူကုန် ကူးခေါ်ဆောင်ခဲ့ကြောင်းဝန်ခံခဲ့ပြီး ၎င်းတို့ ဂိုဏ်းက လူကုန်ကူးခဲ့သည့် မြန်မာမိန်းကလေး ၁၀၀ ကျော် ရှိသည် ဟု ဆို သည်။ ထို မိန်းကလေးများအား အထူး ဘတ်စ်ကားဖြင့် ကူမင်းမြို့သို့ တိုက် ရိုက်ခေါ်ဆောင်လာပြီးနောက် ဟီနန် သို့ ပို့ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

တရုတ် မြန်မာနယ်စပ်မှ လုံခြုံရေး အလွန်အားနည်းသဖြင့် လူကုန်ကူးသူများ အလွယ်တကူ အစစ်အဆေးမရှိ သွားလာနိုင်သည်ဟု ဆိုသည်။ ထို့ပြင် ယူနန်ပြည်နယ် ကူမင်းမြို့ တွင် မြန်မာနိုင်ငံမှ မိန်းကလေးအများအပြားမှာ စားပွဲထိုးခြင်း၊ အနှိပ်ခန်းနှင့် တခြား လုပ်ငန်းများ လုပ်ဆောင်နေသည်ကို အကြောင်းပြု ကာ လူကုန်ကူးခံရနိုင်ဖွယ်ရှိသည့် မိန်းကလေးများကိုလည်း တရုတ်-မြန်မာနယ်စပ်တွင် တားဆီးနိုင်ခြင်း နည်းပါးသည်။

မိန်းကလေး များအား ယွမ် ၃၀၀၀၀ မှ ၅၀၀၀၀ (ဒေါ်လာ ၄၈၀၀ မှ ၈၀၀၀) ကြားဈေးနှုန်းနှင့် ရောင်းချလေ့ရှိသည်။ မိန်းကလေးအများစုမှာ တရုတ်နိုင်ငံ ၌ အလုပ်ရမည်ဟု လိမ်လည်ခေါ်ယူခဲ့ခြင်း ဖြစ်သည်ဟု တန်နှင့် ယန်တို့က ၀န်ခံခဲ့သည်ဟု ဆိုသည်။

လူကုန်ကူးသူများခေါ်ယူလာခြင်း၊ ရောင်းချခြင်းခံခဲ့ ရသည့် မြန်မာအမျိုးသမီး ၁၇၈ ဦး ကို တရုတ်ရဲများက ကယ်တင်နိုင်ခဲ့ပြီး အရွယ်မရောက်သေးသူများ ပါဝင်သည်။ ၎င်းတို့အနက် အ ချို့မှာ မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ပြီး အ ချို့မှာ တရုတ်နိုင်ငံတွင်ပင် အခြေချ နေထိုင်လျက်ရှိသည်။ အချို့ အမျိုးသမီးများမှာ လူကုန်ကူးမှု ကျူးလွန်ရာတွင် ပါဝင်ပြီး မြန်မာနိုင်ငံမှ အမျိုးသမီးများ အား တရုတ်နိုင်ငံသို့ လာရောက်ရန် သွေးဆောင်ခဲ့သူများဖြစ်သည်။

တရုတ်နိုင်ငံတွင် ဝေးလံသည့် နယ်ဒေသများ စီးပွားရေး တိုးတက်မှု မညီမျှ သဖြင့် ကျေးလက်ဒေသများတွင် လက်ထပ်စရိတ် မတတ်နိုင်သောကြောင့် လူပျိုကြီးဖြစ်နေသူအများအပြား ရှိနေသည်ဟု ဘေဂျင်းတိုမ်း သတင်းဌာန က ဖော်ပြသည်။ ၎င်းတို့ ငွေကြေးကုန်ကျ မှု သက်သာသည့် အရှေ့တောင် အာရှ မှ အမျိုးသမီးများကို ရှာဖွေလျက်ရှိ သည်။

ထို့ပြင် တရုတ်နိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ ကျားမဦးရေ မညီမျှခြင်းကို တစ်အိမ်ထောင် ကလေးတစ်ယောက် စနစ်က ပို၍ ဆိုးဝါးစေသည် ဟု ဘေဂျင်းတိုင်းသတင်းဌာနက ဖော်ပြသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် မြို့  ပြဒေသ ဖွံဖြိုးလာသည်နှင့်အမျှ လူငယ်များမှာ မြို့  ပြ များတွင် အလုပ်လုပ်ခြင်းကြောင့် သက်ကြီးအမျိုးသားများ ကို ကူညီစောင့်ရှောက်နိုင်ရန် ထိုကဲ့သို့ အမျိုးသမီးငယ်များကို ကျွန်သဖွယ် မယားသဖွယ် ၀ယ်ယူခြင်းများ များပြားလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies
ယူနန်ပြည်နယ်တွင် " မြန်မာမတွေကို ယွမ် ၂၀၀၀၀ (ဒေါ်လာ ၃၂၀၀) နဲ့ ရနိုင်ပါတယ် ” ဟု ကြေငှာထားမှုများ ရှိနေ ယူနန်ပြည်နယ်တွင် " မြန်မာမတွေကို ယွမ် ၂၀၀၀၀ (ဒေါ်လာ ၃၂၀၀) နဲ့ ရနိုင်ပါတယ် ” ဟု ကြေငှာထားမှုများ ရှိနေ Reviewed by သစ်ထူးလွင် on 11:15 Rating: 5
Powered by Blogger.