သရုပ်ဆောင်မင်းအုပ်စိုး အမှုနှင့် ပတ်သက်၍ မိသားစု ဆရာဝန်ကို စစ်ဆေးမေးမြန်း

ရန်ကုန် ဧပြီ ၂၉

သရုပ်ဆောင် မင်းအုပ်စိုး၏ အမှုနှင့်ပတ်သက်၍ ယနေ့နံနက် ပိုင်းတွင် ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံး၌ ဆက်လက်စစ်ဆေး မှုကိုပြုလုပ်ခဲ့ရာ တရားခံဘက်မှ သက်သေအဖြစ် ၄င်း၏ မိသားစု ဆရာဝန်အား စစ်ဆေးမေးမြန်မှု များ ပြုလုပ်ခဲ့ကြောင်း သက်ဆိုင်ရာ ခရိုင်တရားရုံးမှ သိရသည်။

စစ်ဆေးမေးမြန်းမှုတွင် ၄င်းတို့ ၏မိသားစုဆရာဝန်၏ထွက်ဆိုချက် မှာ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိချိန်တွင် သေဆုံးသူမတေး နုယဉ်မှာ သရုပ်ဆောင်မင်းအုပ်စိုး ၏လက်ပေါ်တွင်ရှိခဲ့ပြီး ယင်းအမှု ဖြစ်ပွားရာအခန်းအတွင်း သေဆုံး သူနှင့်အတူ သရပါမဂ္ဂဇင်းအလုပ် လုပ်သူနှစ်ဦးရှိနေကြောင်း၊ သေဆုံး သူအား ကြည့်ရှုစစ်ဆေးခဲ့ရာတွင် သေဆုံးသွားသည့်အခြေအနေတွင် ရှိနေ၍ မင်းအုပ်စိုးကသက်ဆိုင်ရာ မြို့နယ်ရဲစခန်းသို့ သွားရောက်တိုင် ကြားပြီး ပြန်လည်ရောက်ရှိသည် အထိ အခင်းဖြစ်ပွားရာနေရာ၌ရှိနေ ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

အဆိုပါအမှုအား မေ ၅ရက် တွင် အနောက်ပိုင်းခရိုင်တရားရုံး ၌ ဆက်လက်စစ်ဆေးမည်ဖြစ်ပြီး လာမည့်ရုံးချိန်းတွင် အမှုနှင့်ပတ် သက်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ သည့် မှုခင်းဆရာဝန်အား ဆက် လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄ခုနှစ် ဒီဇင်ဘာ ၂၅ရက် နံနက်ပိုင်းတွင် ဗဟန်းမြို့နယ် ဖိုးစိန် လမ်းရှိ သရပါမဂ္ဂဇင်းမှ တာဝန်ခံ အယ်ဒီတာမတေးနုယဉ် သေဆုံးမှု နှင့်ပတ်သက်၍ ယင်းမဂ္ဂဇင်းထုတ်ဝေ သူ သရုပ်ဆောင် မင်းအုပ်စိုးအား ဗဟန်းမြို့မရဲစခန်းက ပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ် သည်။

မျိုးမင်းပိုင်
The Union Daily
http://uniondaily.net
သရုပ်ဆောင်မင်းအုပ်စိုး အမှုနှင့် ပတ်သက်၍ မိသားစု ဆရာဝန်ကို စစ်ဆေးမေးမြန်း  သရုပ်ဆောင်မင်းအုပ်စိုး အမှုနှင့် ပတ်သက်၍ မိသားစု ဆရာဝန်ကို စစ်ဆေးမေးမြန်း Reviewed by သစ်ထူးလွင် on 11:37 Rating: 5
Powered by Blogger.