ဦးရွှေမန်း ကန်ဒုနိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဖို့ရှိ

သူရဦးရွှေမန်းရဲ့ သြစတြေးလျ ခရီးစဉ်အတွင်း မခင်မာဝင်းက တွေ့ဆုံမေးမြန်းစဉ် (Credit: ABC) 
 မြန်မာနိုင်ငံရဲ့ ​လွှတ်တော်နာယက ​သူရ ​ဦးရွှေမန်းက ​အမေရိကန် ​ဒုနိုင်ငံခြားရေး ​ဝန်ကြီး ​Anthony ​Blinken ​နဲ့ ​တနင်္လာနေ့မှာ ​တွေ့ဆုံဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

သူရဦးရွှေမန်းဟာ ​အမေရိကန်နိုင်ငံရဲ့ ​လွှတ်တော် ​ပြောခွင့်ရပုဂ္ဂိုလ် ​John ​Boehner ​ရဲ့ ​ဖိတ်ခေါ်ချက်အရ ​အမေရိကန်ကို ​ရောက်ရှိနေတာ ​ဖြစ်ပြီး ​ကွန်ဂရက်လွှတ်တော်က ​လွှတ်တော်အမတ်တွေနဲ့လည်း ​တွေ့ဆုံဖို့ ​ရှိပါတယ်။

အမေရိကန် ​ဒုနိုင်ငံခြားရေး ​ဝန်ကြီးနဲ့ ​မြန်မာနိုင်ငံရဲ့ ​ဒီမိုကရေစီ ​ပြုပြင်ပြောင်းလဲရေးအကြောင်း ​ဆွေးနွေးဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

မနက်ဖြန် ​သောကြာနေ့မှာတော့ ​Carnegie ​Endowment ​for ​International ​Peace ​မှာ ​မိန့်ခွန်းပြောကြားဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

သူရဦးရွှေမန်းဟာ ​တရုတ်ခရီးစဉ်အပြီး ​အမေရိကန် ​နိုင်ငံကို ​ရောက်ရှိနေတာဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဦးရွှေမန်း ကန်ဒုနိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဖို့ရှိ  ဦးရွှေမန်း ကန်ဒုနိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဖို့ရှိ Reviewed by သစ်ထူးလွင် on 19:34 Rating: 5
Powered by Blogger.