ပြန်ဆုံကြမယ် သမီးရယ်


ထိုင်းနိုင်ငံမှာ အသက်နှစ်နှစ်သာ ရှိသေးတဲ့ သမီးငယ်ဟာ ဦးနှောက် ကင်ဆာရောဂါကို အပြင်းထန် ခံစားနေရတာကြောင့် အကြိမ်ကြိမ် ခွဲစိတ်ကုသ ခဲ့ပေမယ့် အသက်မရှင်နိုင်ဘဲ သေဆုံးသွားခဲ့ပါတယ် ။

ဖခင်ဟာ ဆရာဝန်တဦးပါ ၊ လူလောက ရောက်လာစမှာတင် သေမင်း ဝေဒနာ ခံစားပြီးသာ သေဆုံးသွားခဲ့တဲ့အတွက် အလွန်ဝမ်းနည်းမိတဲ့ ဖခင်ဟာ သမီးငယ်ရဲ့ ရုပ်အလောင်းကို အမေရိကန်နိုင်ငံမှ သေဆုံးပြီးတဲ့သူတွေကို နကိုမူလအတိုင်း အသားအရေ ကိုယ်အတွင်း ပိုင်း အစိတ်အပိုင်းများ ကို မူလအတိုင်းမပျက်စီးရအောင် ထိန်းသိမ်းတဲ့ နေရာကို ပို့ ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဆိုပါ နေရာကတော့ အနာဂတ်ကာလမှာ ဆေးပညာတွေ အရမ်းတိုးတက်လာတဲ့ အခါမှာ လူသားတွေကို အသက်ပြန်ရှင်အောင် လုပ်နိုင်ဘို့  စမ်းသပ်မှာ ဖြစ်ပါတယ်။

ခုလို အထူးအအေးခန်းမှာ ထိမ်းသိမ်းပြီး ဆေးရေ စိမ်ထားဖို့ ထိန်းသိမ်းခ အဖြစ် ဒေါ်လာ သုံးသိန်းလောက်ကုန်မှာ ဖြစ်ပါတယ် ။

"သမီးလေးမှာ ဦးနှောက်အတွင်းက ပျက်စီးသွားတာကလွဲရင် အားလုံးဘာမှ မပျက်စီးသေးပါဘူး တချိန်မှာ ဦးနှောက်အစားထိုး နည်းပညာတွေ တိုးတက်ပေါ်ပေါက်လာရင် သူအသက်ပြန်ရှင်နိုင်အောင်လို့ ပါ။"

Social Action for Women - SAW
https://www.facebook.com/pages/Social-Action-for-Women-SAW
ပြန်ဆုံကြမယ် သမီးရယ်  ပြန်ဆုံကြမယ် သမီးရယ် Reviewed by သစ်ထူးလွင် on 20:30 Rating: 5
Powered by Blogger.