လားရှိုးအခြေစိုက် ရမခ စစ်တိုင်းရုံးတိုက်ခိုက်ခံရ


မတ်ခ်ျလ ၂၆ ရက် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့ အခြေစိုက်အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ စစ်တိုင်းရုံးအား အမည်မသိ လက်နက်ကိုင်လူတစုက မတ်ခ်ျ ၂၅ ရက် ည ၈ နာရီခန့် အချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ သည်ဟုဆိုသည်။

လားရှိုးမြို့ ရပ်ကွက် ၁၀ ရန်အောင်မြင် ဘုရား အနီးမှ စစ်ရဟတ်ယာဉ် ရပ်နားထားသည့် ရမခ စစ်တိုင်းရုံးဝန်းအတွင်းသို့ RPG အမျိုး အစား ဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ် သူမှာ မည်သူမှန်း မသိရသေးသော်လည်း အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး စီးနင်းလာ သည့် နက်ပြာရောင်ဖိုးဝှီးကားတစီးမှနေ၍ ပစ်ခတ်ခြင်းဖြစ်ကြောင်း - ရပ်ကွက် ၁၀ နေထိုင် သူ တဦးကပြောသည်။

“အခု မြို့ဝင်မြို့ထွက် ကားတချို့ကို ဟန့်တားတယ်။ စစ်ဆေးတယ်။ ဒီမနက် ၁၁ နာရီတုန်း ကအထိ စစ်ဆေးနေတုန်း။ ကားတွေကို မန္တလေးကို သီပေါကနေတိုက်ရိုက် ပေးမဆင်းဘူး။ နမ္မတူဘက်ကနေ ပတ်သွားရတယ်။ တားထားတဲ့ကား ၁၀၀၀ ကျော်တယ်။ သေချာ စိတ်ချမှ ဝင်ထွက်ခွင့်ပြု တယ်။ နေလို့မကောင်းတော့ဘူး ကျနော်တို့မြို့လဲ သေနတ်သံက နေ့တိုင်း လိုလို ကြားနေရတယ်” - ဟု လားရှိုးမြို့ခံ ကားဆရာ အားချန်း က ပြောသည်။

“ညဘက်ဆို လေယာဉ်ကွင်းကနေ စစ်တိုင်းရုံး ရဟတ်ယာဉ်ကွင်းကို ပို့ထား တယ် စစ်ရ ဟတ် ယာဉ် တွေက၊ အဲဒီမှာ ပစ်ခတ်တယ်လို့ဘဲ ကြားတယ်။ ဘယ်အတိုင်းအတာ ထိခိုက်မှုရှိလဲ ဆိုတာတော့ ကြားရသေးဘူး” - လေယာဉ်ကွင်း ပုဂ္ဂလိက ဝန်ထမ်းတဦးကပြောသည်။

လားရှိုးကြီးနေ သျှမ်းအမျိုးသမီး နန်းဟိန်းမိုင်ကမူ လက်ရှိတွင် သျှမ်းလူမျိုးများ ကန်မိုင်း ကျောင်းတိုက်၌ ရိုးရာရှင်ပြုပွဲ ပြုလုပ်နေကြောင်း၊ ယခု တလော သေ နတ် သံကြားရသည်မှာ ရိုးနေပြီဖြစ်ကြောင်း၊ လွယ်စန့်ဘက် သေနတ်သံများ ညတိုင်းနီးပါးကြားနေရသည်မှာ လည်း လက်နက်ကိုင်တပ်ဖွဲ့များလာရောက် တိုက်ခိုက်မည်ကို ကာကွယ်သည့်အနေဖြင့် မြန်မာတပ်ကသာ ပစ်ခတ် ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ပြောသည်။

“ဒီနေ့မနက် ၅ နာရီကနေ နက်ဖြန်မနက် ၅ နာရီအထိ လေယာဉ် ကွင်းလမ်း တလျှောက် ပေါက်စန်လိတ်ကနေ ဘူတာကြီးရှေ့ အထိ ဖြတ်သန်းသွား လာခြင်းမပြုရလို့ အာဏာပိုင်တွေက ညွှန်ကြားပြီး လမ်းဘေးတွေမှာ ရေးပြီး ကတ်ထားတယ်” - ဟု လားရှိုးမြို့နေတော်လှန်ရေးသမားဟောင်း တဦးက ပြောပြသည်။

၎င်းကဆက်လက်၍ လက်ရှိအနေအထားရ အထူးစိုးရိမ်မိ ကြောင်း၊ မငြိမ်မသက်ဖြစ်စေရန် တတိယ လက်သည်ဖြင့် လုပ်ကြံဖန်တီးမှုများဖြစ် နိုင် ကြောင်း၊ ထို့အတွက် တိုင်းသူပြည်သား ဒေသခံများ သတိကြီးကြီးဖြင့် သွားလာနေထိုင် တတ်ဖို့ လိုအပ်ကြောင်း သျှမ်းသံတော်ဆင့်သို့ပြောပြသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
လားရှိုးအခြေစိုက် ရမခ စစ်တိုင်းရုံးတိုက်ခိုက်ခံရ လားရှိုးအခြေစိုက် ရမခ စစ်တိုင်းရုံးတိုက်ခိုက်ခံရ Reviewed by သစ်ထူးလွင် on 13:12 Rating: 5
Powered by Blogger.