ကျောင်းသားနှင့် သံဃာများကို ရဲလုံခြုံရေးများက ရိုက်နှက်ဖမ်းဆီးဖြိုခွင်း


လက်ပံတန်းမှာ ရဲတပ်ဖွဲ့နဲ့ ရင်ဆိုင် တွန်းထိုးနေတဲ့ကျောင်းသားနဲ့ ရဟန်းသံဃာတော်တွေကို ရဲလုံခြုံရေးတွေက ၀င်ရောက်ရိုက်နှက် ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ဒီနေရာမှာ သတင်းရယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

ဖမ်းဆီးသွားတဲ့ ကျောင်းသားတွေကို ကားပေါ်ကို တင်ဆောင် ခေါ်ဆောင်သွားသလို ကျောင်းသားတွေ ချီတက်ရာမှာ အသုံးပြုတဲ့ကားတွေကိုလည်း ဖျက်ဆီးသွားတယ်လို့ သူက ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာတော့ ကျောင်းသားတွေကို မတွေ့ရတော့သလို ဖမ်းဆီး ခေါ်ဆောင်သွားပြီလို့ ဆိုပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သတင်းထောက်တချို့လည်း ဖမ်းဆီးရာမှာ ပါသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒဏ်ရာရ ကျောင်းသားကျောင်းသူများအပါအ၀င် မူးလဲသူများနဲ့ မေ့လဲသူများလည်း ရှိလာပါတယ်။ ကျောင်းသားတချို့ကို ဆေးရုံကို ပို့ဆောင်လိုက်ပါတယ်။

လက်ပံတန်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်းနဲ့ ဟစ်အော်ခြင်းများ ပြုလုပ်ရင် ဥပဒေအရ အရေးယူမယ်ဟု လော်စပီကာနဲ့ ကြေညာအပြီးမှာ ဖမ်းဆီးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

By ဒီဗွီဘီ
http://burmese.dvb.no
ကျောင်းသားနှင့် သံဃာများကို ရဲလုံခြုံရေးများက ရိုက်နှက်ဖမ်းဆီးဖြိုခွင်း ကျောင်းသားနှင့် သံဃာများကို ရဲလုံခြုံရေးများက ရိုက်နှက်ဖမ်းဆီးဖြိုခွင်း Reviewed by သစ်ထူးလွင် on 13:44 Rating: 5
Powered by Blogger.