ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှု ပြင်းထန်၊ ဒဏ်ရာရ ကျောင်းသားများ ရှိလာ


ဒီမိုကရေစီ ပင်မသပိတ်မှောက်စစ်ကြောင်းက ရန်ကုန်ဆက်လက်ချီတက်ဖို့အတွက် ကျောင်းသားများနဲ့ ရဲလုံခြုံရေးများ ထိပ်တိုက် တိုးဝှေ့မှု ပြင်းထန်လာပါတယ်။

တိုးဝှေ့နေတုန်း မီးသတ်များရောက်ရှိလာပြီး ရဲလုံခြုံရေးများဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်တိုက်ခိုက်မှု မရှိသေးပါဘူး။ ရဲလုံခြုံရေးစည်း ၄ ယောက်တတန်းကို သပိတ်မှောက်ကျောင်းသားများက တိုးဖောက်နေကြဆဲဖြစ်ပြီး ဒဏ်ရာရ ကျောင်းသားကျောင်းသူများနဲ့ မူးလဲသူများနဲ့ မေ့လဲသူများလည်း ရှိလာပါတယ်။

လက်ပံတန်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှလည်း လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟစ်အော်ခြင်းများ ပြုလုပ်ရင် ဥပဒေအရ အရေးယူမယ်ဟု စပီကာနဲ့ ကြေညာနေပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှု ပြင်းထန်၊ ဒဏ်ရာရ ကျောင်းသားများ ရှိလာ ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှု ပြင်းထန်၊ ဒဏ်ရာရ ကျောင်းသားများ ရှိလာ Reviewed by သစ်ထူးလွင် on 13:17 Rating: 5
Powered by Blogger.