လင်ငယ်နှင့် တိတ်တိတ်ပုန်း ချစ်တင်းနှောစဉ် Penis Captivus ခေါ် မအင်္ဂါစပ်အတွင်းမှ ဖိုအင်္ဂါ ထုတ်မရသည့် ပြဿနာပေါ်


နောက်မီးလင်းသည့်အမျိုးသမီး လင်ငယ်နှင့် တိတ်တိတ်ပုန်း ချစ်တင်းနှောရာမှ လင်ယောက်ျားဖြစ်သူ၏ ကဝေအစီအမံကြောင့် Penis Captivus ခေါ် မအင်္ဂါစပ်အတွင်းမှ ဖိုအင်္ဂါ ထုတ်မရသည့် ပြဿနာဖြစ်နေသည်ဆိုသော သတင်း ပျံ့နှံ့သွားရာ လူစုလူဝေးနှင့် လာရောက်ကြည့်ရှုခဲ့ကြသည်။ အဆိုပါဖြစ်စဉ်သည် တောင်အာဖရိကနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းအမျိုးသမီးနှင့် လင်ငယ်တို့ရှိနေရာအခန်းသို့ လာရောက်ကြည့်ရှုသူ လူစုလူဝေးကို ရဲတပ်ဖွဲ့ဖြင့် ရှင်းလင်းခဲ့ရသည်။

ဆေးပညာကျွမ်းကျင်သူများက ရှက်ဖွယ်ရာ အဆိုပါဖြစ်ရပ်သည် လိင်ဆက်ဆံစဉ် အမျိုးသမီးအင်္ဂါစပ်ကြွက်သားများ လွန်ကဲစွာကြုံ့ဝင်သွားခြင်းကြောင့် အမျိုးသားလိင်တံကို ထုတ်မရအောင် ညပ်မိသည့် Penis Captivus ဖြစ်နိုင်ချေများသည်ဟုဆိုသော်လည်း လူအများက လင်ယောက်ျား၏ ကဝေအစီအမံကြောင့်ဆိုသော ကောလဟလကြောင့် အခင်းဖြစ်ပွားရာသို့ စုဝေးရောက်ရှိလာခဲ့ကြသည်။ အသက် ၃၄နှစ်အရွယ်အမျိုးသမီး ဆာရှာငီးမားသည် ၎င်း၏တိတ်တိတ်ပုန်းလင်ငယ် ဆိုးလ်ကိုဘိုဇာ(အသက် ၂၂)ဆိုသူနှင့် ဂျိုဟန်းနက်စ်ဘာ့ဂ်မြို့မှ အငှားတိုက်ခန်းအတွင်း ချစ်တင်းနှောနေခဲ့ကြသည်ဟု ပြည်တွင်းသတင်းဌာနများက ဖော်ပြသည်။

တောမီးသဖွယ် ပျံ့နှံ့သွားခဲ့သော ကောလဟလအရ အမျိုးသမီး၏ ခင်ပွန်းနိုင်အယ်လ်သည် ၎င်း၏မိန်းမ အခြားယောက်က်ျာတဦးနှင့် ဖောက်ပြန်နေသည်ကို သိရှိသဖြင့် အောက်လမ်းဆရာထံချဉ်းကပ်၍ ဇနီးသည်၏လိင်အင်္ဂါအတွက် ကဝေအစီအမံတခု ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ “မူသီ”ဟုခေါ်သော အဆိုပါအစီအမံသည် တရားဝင်ယောက်ျားမှလွဲ၍ ဇနီးသည်၏အင်္ဂါစပ်ထဲသို့ ကျုးကျော်လာသူမှန်သမျှ တရားဝင်လင်ယောက်ျား အိမ်ပြန်ရောက်သည့်အချိန်အထိ ပြန်ထွက်မရအောင် စီရင်ခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါစုံတွဲသည် အထိတ်တလန့်ဖြစ်ကာ အော်ဟစ်အကူအညီ တောင်းခံခဲ့ကြကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

“ပထမက သူတို့ဘာသာ သာယာလို့ အော်နေတယ်ထင်တယ်၊ နောက်မှ အကူအညီ အော်တောင်းနေမှန်း သိရတာ၊ ကျွန်တော်လည်း တံခါးခေါက်ပြီး သူတို့ အိုကေရဲ့လားလို့မေးပြီး အခန်းထဲဝင်သွားတော့မှ ယောက်ျားက မိန်းမအပေါ်မှာ ငိုလျက်သား တွေ့ရတယ်”ဟု အိမ်နီးနာချင်းတဦးဖြစ်သူ အသက် ၃၄နှစ်အရွယ် ပရီစီလီယာ နလိုဗူး က ပြောသည်။
အဆိုပါသတင်းကြောင့် လူ ၂၀၀၀ ခန့် စုဝေးလာခဲ့ကြပြီး ၎င်းတို့စုံတွဲကို ကြည့်ရှုခွင့်ရရန် တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။
“သူတို့က မကြည့်ရရင် မပြန်ဘူးလုပ်နေလို့ ငရုပ်ကောင်းဆေးရည်ဖြန်းပြီးတောင် လူစုခွဲရတယ်”ဟု ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
လင်ငယ်နှင့် တိတ်တိတ်ပုန်း ချစ်တင်းနှောစဉ် Penis Captivus ခေါ် မအင်္ဂါစပ်အတွင်းမှ ဖိုအင်္ဂါ ထုတ်မရသည့် ပြဿနာပေါ် လင်ငယ်နှင့် တိတ်တိတ်ပုန်း ချစ်တင်းနှောစဉ် Penis Captivus ခေါ် မအင်္ဂါစပ်အတွင်းမှ ဖိုအင်္ဂါ ထုတ်မရသည့် ပြဿနာပေါ် Reviewed by သစ်ထူးလွင် on 22:33 Rating: 5
Powered by Blogger.